အမေရိကန်သံအမတ်ကြီး ကချင်ပြည်နယ် ရောက်ရှိ

၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်က ၂၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုလိုက်သော  Mr.Derek Mitchell
၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်က ၂၂ နှစ်တာကာလအတွင်း မြန်မာနိုင်ငံအတွက် ပထမဆုံး အမေရိကန် သံအမတ်ကြီးအဖြစ် အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီက အတည်ပြုလိုက်သော Mr.Derek Mitchell (အမေရိကန်ကာကွယ်ရေးဝန်ကြီးဌာန)

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Mr. Derek Mitchell ဟာ မြစ်ကြီးနားမြို့အခြေ စိုက် ကေအိုင်အို နည်းပညာအကြံပေးအဖွဲ့နဲ့ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဆွေးနွေးမှုနဲ့ပတ်သက်ပြီး ကေအိုင်အိုနည်းပညာ အကြံပေးအဖွဲ့ရုံးရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးဒေါင်ခါး ကအခုလို ပြောပါတယ်။

"ကျနော်တို့ ဖားကန့်ဒေသ အခင်းအကျင်းတွေ လက်ရှိဆွေနွေးနေတဲ့ အခင်းအကျင်းတွေ အခြေအနေ IDP နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ ဒါတွေကို ကျနော်တို့ ထပ်ပြီးဆွေးနွေးပေးပါတယ်၊ ကျနော်တို့ သူတို့ဘက်ကနေ စိတ်ဝင်စားမှှုပြတဲ့အပေါ်မှာ ကျနော်တို့ဖက်က ကျေးဇူးတင်ပါတယ်"

အမေရိကန်သံအမတ်ကြီးဟာ မနေ့ညနေပိုင်း က မြစ်ကြီးနားမြို့ အခြေစိုက်ငြိမ်းချမ်းရေး အကျိူးဆောင်အဖွဲ့ PCG နဲ့လည်းတွေ့ ဆုံ ဆွေးနွေးခဲ့ပါတယ်။ ဒါ့ပြင် စစ်ဘေးကယ်ဆယ်ရေးစခန်းတချို့ကို သွားရောက်လေ့လာ မှာဖြစ်သလို၊ လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

အမေရိကန်သံအမတ်ကြီး Derek Mitchell ရဲ့ အခု မြစ်ကြီးနာမြို့ ခရီးစဉ်ဟာ တတိယအကြိမ်မြောက်ဖြစ်ပါတယ်။