အခြေခံဥပဒေ ပြင်ဆင်ဖို့ SNLD ပါတီ တိုက်တွန်း
2014.10.26

ငြိမ်းချမ်းသာယာတဲ့ ပြည်ထောင်စု မြန်မာနိုင်ငံဖြစ် ဖို့ဆိုရင် ၂ဝဝ၈ ဖဲ့ွစည်းပုံအခြေခံဥပဒေကို ပြင် ဆင်ရေးဆွဲဖို့ ဒါမှမဟုတ် အသစ်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖဲ့ွချုပ် SNLD ပါတီက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖဲ့ွချုပ် ရဲ့ ၂၆ နှစ်ပြည့် အဖြစ် ကြေညာချက်ထုတ်ပြန်တာဖြစ်ကြောင်း SNLD ပါတီ အထွေထွေအတွင်းရေးမှူ းဦးစိုင်းညွှန့်လွင် က ပြောပါတယ်။
"တွေ့ဆုံဆွေးနွေးရေးခြင်းနဲ့ အဖြေရှာဖို့ဆို တာ တောက်လျှောက်ပါ၊ ကျနော်တို့ နှစ်ပေါင်း ၂၆ နှစ်တိုင်တိုင် ဒါကိုပဲစွဲကိုင်ခဲ့တာပါ၊ အဓိကတော့ဗျာ အခုလက်တလောကိစ္စကတော့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား ပြဿနာတွေကိုမရှင်းနိုင်ပါဘူး၊ အဲ့ဒါကြောင့် ကျနော်တို့က နိုင်ငံရေးတွေ့ ဆုံဆွေးနွေးရေးပွဲကြီးပေါ့နော် အဲ့ဒါဖြစ်ဖို့ ကျနော်တို့ မျှော်လင့်နေပါတယ်၊ နိုင်ငံရေးသဘောတူညီချက်ရမှပဲ အဲ့ဒီ ပြဿနာတွေအားလုံးက ရှင်းသွားမှာပါ၊ နိုင်ငံရေးသဘောတူညီချက်တွေက ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ အခြေခံ မူတွေဖြစ်လာမှာပါ၊ အခုလက်ရှိကနေ ကိုက်ညီမယ်ဆိုရင်ကောင်းမှာပေါ့၊ မကိုက်ညီရင် ပြင်ရမှာပေါ့"
ဒါ့အပြင် တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင် ပဋိပက္ခတိုက်ပွဲတွေရပ်တန့်ဖို့အတွက် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို မဖြစ်မနေ အကောင်အထည်ဖော်ရမှာဖြစ်ကြောင်း အဲ့ဒီအတွက် နိုင်ငံရေးနည်းလမ်းနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာကြဖို့ လိုအပ်ကြောင်းလည်း ကြေညာချက်မှာ ပါရှိပါတယ်။