ကျူးလွန်သူများကို အရေးယူဖို့ CSO များ တိုက်တွန်း


2014.10.26
kopargyi-prostet-305 ကိုပါကြီး သေဆုံးခဲ့တဲ့ ကိစ္စကို ဒီမိုကရက်တစ်အင်အားစုတွေ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ အောက်တိုဘာလ ၂၆ ရက်နေ့က တောင်းဆိုစဉ်
Photo : RFA/ Kyaw Zawe Win

သေဆုံးသွားတဲ့ အလွတ်သတင်းထောက် ကိုပါကြီး အမှှုကိုစုံစမ်းစစ်ဆေးပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူပေးဖို့ ၈၈မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုကိုကြီးက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။

အရပ်ဖက်လူမှှုအဖွဲ့အစည်းပေါင်း ၄ဝ ကျော်လောက်က အဖွဲ့ဝင်တွေ ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့မှာ ဒီနေ့ စုဝေးခဲ့ကြပြီး ကိုကိုကြီးက တောင်းဆိုခဲ့တာပါ။

"ကျနော်တို့ နိုင်ငံမှာတရားဥပဒေ စိုးမိုးရေး အခြေအနေမရှိပဲနဲ့ ဘာဒီမိုကရေစီမှ တည်ဆောက်လို့မရဘူး၊ ဘာငြိမ်းချမ်းရေးမှ တည်ဆောက်လို့မရဘူး၊ အဲ့ဒီတော့ နောက်နောင် မှာ ကိုပါကြီးလို အဖြစ်ဆိုးမကြုံရလေအောင် ဒီလို ကျူးလွန်မှှုမျိုးကို နိုင်ငံတော်က ခွင့်မပြုဘူး၊ ဒါမျိုးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တယ်၊ အရေးယူတယ်ဆိုတဲ့ အစဉ်အလာကောင်းကို ပြသပါလို့ ပြောကြားရင်းနဲ့ တိုက်တွန်းရင်နဲ့ နိဂုံးချုပ် ပါတယ်၊ အားလုံးကို ကျေးဇူးတင်ပါတယ်"

အလွတ်သတင်းထောက် ကိုပါကြီးဟာ တပ်မတော်နဲ့ ဒီကေဘီအေ တပ်ဖွဲ့တွေ မွန်ပြည်နယ် ကျိုက်မရောမြို့နယ်မှာ စက်တင်ဘာလ ၂၈ ရက်နေ့က ပစ်ခတ်မှှုအတွင်း သတင်းယူခဲ့ပြီး အပြန်မှာ ကျိုက်မရောမြို့အခြေစိုက် ခလရ ၂ဝ၈ က ဖမ်းဆီးစစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

တပ်မတော်က ထုတ်ပြန်ချက်အရ ကိုပါကြီးခေါ် ကိုအောင်ကျော်နိုင်ဟာ KKO ခေါ် ကလို့ထူးဘော အဖွဲ့က ပြန်ကြားရေးတာဝန်ခံဖြစ်ပြီး သူတို့ထိမ်းသိန်းထားစဉ်မှာ သေနတ်လုယူပြီး ထွက်ပြေးဖို့ ကြိုးစားခဲ့တဲ့အတွက် အသေဖမ်းဆီးမိခဲ့တယ်လို့ အောက်တိုဘာလ ၂၃ ရက်စွဲနဲ့ သတင်းထုတ်ပြန်ခဲ့ပါတယ်။

ကိုပါကြီးရဲ့ ဇနီးဖြစ်သူ မသန္တာက သေမှုသေခင်းဖွင့်လှစ်ပြီး အလောင်းကိုပြန်လည် စစ်ဆေးပေးဖို့အတွက် ဒီနေ့ အမှှုဖွင့်ဖို့တိုင်ကြားရာမှာ ကျိုက်မရောမြို့မ ရဲစခန်းက လက်ခံလိုက်တယ်လို့ မသန္တာက ပြောပါတယ်။

"ကျမက မတရားဖမ်းဆီးချုပ်နှာင်မှှု၊ ညှင်းပမ်းသတ်ဖြတ်မှှု၊ အလောင်းဖျောက်ဖျက်မှှု၊ သုံးခုနဲ့စွဲမှာ ကိုပါကြီး သေဆုံးမှှုဟာ လုံးဝရိုးသားမှှုမရှိဘူး၊ ကိုပါကြီးက အဖမ်းမခံရတုန်းကလည်း လူကတခါ တလေမှ ရောဂါဝေဒနာမှ မရှိတဲ့လူဖြစ်တယ်၊ ဒါကြောင့် အရေးယူတိုင်တည်ပြီး သေမှှုသေခင်းပြန် ဖွင့်ပေးဖို့၊ အလောင်းကိုပြန်စစ်ဆေးဖို့ သေဆုံးမှှုအတွက် မတရားမှှုကို အရေးယူပေးဖို့ပါ"

လူမှုအဖွဲ့အစည်း ၄ဝ ကျော်က ရန်ကုန်မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြတာနဲ့ ပတ်သက်ပြီး RFA သတင်းထောက် မဝေမာထွန်းက စုစည်းတင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။