သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-10-15
ဦးသိန်းစိန် အစိုးရအဖွဲ့ဟာ ပြည်သူလူထု သဘောမတူတဲ့ကိစ္စကို ဆောင်ရွက်မှာမဟုတ်တဲ့ အတွက် မြန်မာနိုင်ငံမှာ OIC အစ္စလာမ္မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့ရုံး လာရောက် ဖွင့်လှစ်မယ်ဆိုတဲ့ ကိစ္စအပေါ် စိုးရိမ်စရာမရှိဘူးလို့ သမ္မတရုံး ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဒီကနေ့ ပြောကြားလိုက်ပါတယ်။
2012-10-15
KNU ကရင်အမျိုးသားအစည်းအရုံးရဲ့ ဝါရင့်နိုင်ငံရေး ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုစောဒေးဗစ်ထော ဟာ ရန်ကုန်မြို့ မင်္ဂလာဒုံ အမှတ် (၁) တပ်မတော် ဆေးရုံကြီးမှာ အောက်တိုဘာလ ၁၄ ရက် ည (၁၀) နာရီ (၃၇) မိနစ်က အဆုတ် ရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။
2012-10-14
ရန်ကုန် မင်္ဂလာဒုံ စစ်ဆေးရုံ အထူးကြပ်မတ်ကုသဆောင်မှာ အဆုပ်ရောဂါနဲ့ တက်ရောက်ကုသနေတဲ့ KNU ခေါင်းဆောင်တစ်ဦးဖြစ်သူ ဖဒိုစောဒေးဗစ်ထောနဲ့ မိသားစုကို ပြည်ထောင်စုအစိုးရ ဝန်ကြီးသုံးဦး ဒီကနေ့ ညနေပိုင်းက သွားရောက်တွေ့ဆုံအားပေးခဲ့ကြပါတယ်။
2012-10-14
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင် ကြေးနီစီမံကိန်း တည်ဆောက်ဖို့ဆိုပြီး ကျေးရွာ တချို့မှာ စာသင်ကျောင်းတွေ အပိတ်ခံထားရတာကို ပြန်လည် ဖွင့်ပေးဖို့ အတွက် မူလတန်းကျောင်းသား (၁၀၀) ကျော်က ဝက်မှေးရွာ မူလတန်းကျောင်းရှေ့မှာ ဒီကနေ့ မနက်ပိုင်းက (၃)နာရီကြာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2012-10-14
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ဒဲရစ်မစ်ချယ်ဟာ ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေးတုန်းက ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဦးဂမ္ဘီရ အခုတော့ လူဝတ်လဲလိုက်ပြီဖြစ်တဲ့ ဦးညီညီလွင် နဲ့ အဖွဲ့ကို ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းမှာရှိတဲ့ အမေရိကန်သံအမတ်ကြီးရဲ့ နေအိမ်မှာ တစ်နာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2012-10-14
ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပထမဆုံးအကြိမ် ညီလာခံကို နေပြည်တော် ဒက္ခိဏသီရမြို့နယ်ကပါတီ ရုံးချုပ်မှာ ကိုယ်စားလှယ် ၈၀၀ ကျော်တက်ရောက်ပြီး ဒီကနေ့ စတင်ကျင်းပခဲ့ပါတယ်။ ဒုတိယဥက္ကဌ အဖြစ်တာဝန်ယူထားဆဲ ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက အခုလိုမိန့်ခွန်းပြောကြား ခဲ့ပါတယ်။
2012-10-14
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ (၂၄)နှစ်ပြည့် အခမ်းအနားကို ထိုင်းမြန်မာနယ်စပ် တနေရာမှာ ဒီကနေ့ကျင်းပခဲ့ပါတယ်။ မြန်မာပြည် ငြိမ်းချမ်းရေးအတွက် ဆက်လက်တိုက်ပွဲဝင်ကြ ရဦးမယ်လို့ ပါတီခေါင်းဆောင်တွေက ဒီကနေ့ အခမ်းအနားမှာ ပြောကြား လိုက်ပါတယ်။
2012-10-13
နေပြည်တော်မှာ မနက်ဖြန် အောက်တိုဘာလ ၁၄ ရက်နေ ၁၇ ရက်နေ့အထိ ကျင်းပမယ့် ကြံခိုင်ဖွံဖြိုးရေးပါတီရဲ့ ညီလာခံမှာ ပါတီဥက္ကဌအသစ်ရွေးချယ်မှာ မဟုတ်ဘူးလို့ ညီလာခံ ကျင်းပရေး ကော်မတီ ဥက္ကဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းက RFA ကို ပြောပါတယ်။
2012-10-13
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးဟာ ပြင်သစ်နိုင်ငံ ပါရီမြို့ကို ဒီနေ့ရောက်သွားပြီး၊ အဲဒီမှာ ဒီနေ့ကျင်းပတဲ့ 5th International March for Freedom လွတ်မြောက်ရေး အတွက်ချီတက်ပွဲ လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ခဲ့ပါတယ်။
2012-10-13
အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာ Jimmy Carter တည်ထောင်ထားတဲ့ The Carter Center က မြန်မာနိုင်ငံငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းစဉ်တွေနဲ့ ရွေးကောက်ပွဲစောင့်ကြည့်မှုတွေကို ကူညီနိုင်မယ့်နည်းလမ်းတွေရှာဖွေနေတယ်လို့ သိရပါတယ်။
2012-10-13
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက် တောင်တန်းသာသနာပြုဝင်းအတွင်းမှာရှိတဲ့ ဆရာတော်အရှင်ဉာဏိဿရ ရဲ့ သီတဂူ စက္ခုဒါနဆေးရုံမှာ အနယ်နယ်အရပ်ရပ်က မျက်စိဝေဒနာရှင် ရဟန်းရှင်လူပြည်သူတွေလာရောက်ကုသနေကြရာမှာ အောက်တိုဘာလ ၁၂ ရက်နေ့မှာ မျက်စိဝေဒနာရှင် ၂၀ ကို ခွဲစိတ်ကုသပေးနိုင်ခဲ့ပါတယ်။
2012-10-12
လယ်ယာမြေ သိမ်းဆည်းမှုတွေနဲ့ ပတ်သက်ပြီး ပြည်သူ့လွှတ်တော်က ဖွဲ့စည်းထားတဲ့ စုံစမ်းရေး ကော်မရှင် အဖွဲ့ဝင် ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဘရှင်နဲ့ RFA ကိုကျော်ကျော်အောင် တွေ့ဆုံ မေးမြန်းခန်းကို ထုတ်လွှင့်ပေးမှာပါ။
2012-10-12
NLD အဖွဲ့ဝင်တွေ ပါတီတွင်း သဘောထား ကွဲလွဲနေကြပေမယ့် ဒါဟာ မိသားစုပြဿနာ ဖြစ်တာကြောင့် စိုးရိမ်စရာ မရှိပါဘူးလို့ ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒီကနေ့ ရန်ကုန်တိုင်း သုံးခွမြို့ကို သွားရောက်စဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အဲဒီလိုပြောခဲ့တာပါ။ အပြည့်အစုံကို RFA အဖွဲ့သား ကိုခင်မောင်စိုးမင်း က တင်ဆက်ထားပါတယ်။
2012-10-12
တောင်တန်းသာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မျက်စိကုသရေးဌာနကို အမေရိကန်ဒေါ်လာ ၇ သောင်းခွဲ တန်ဖိုးရှိတဲ့ ကုသရေး ပစ္စည်းတွေ လှူဒါန်းမယ်လို့ RFA ကို မိန့်ပါတယ်။
2012-10-12
ကချင်လွတ်မြောက်ရေးအဖွဲ့ ကေအိုင်အို နဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ပြန်လည်စတင် နိုင်ဖို့အတွက် မူဆယ်နဲ့ ရွှေလီမြို့ ၂ နေရာထဲက တနေရာမှာ တွေ့ဆုံဆွေးနွေးဖို့ အစိုးရဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၀ ရက်နေ့က တရားဝင်စာရေး ကမ်းလှမ်းထားကြောင်း သိရပါတယ်။