သီတဂူ ဆရာတော် မြစ်ကြီးနား မျက်စိကုသရေးဌာန အတွက် လှူဒါန်း

တောင်တန်းသာသနာပြု သီတဂူ ဆရာတော် အရှင်ဉာဏိဿရ ဟာ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ မျက်စိကုသရေးဌာနကို အမေရိကန်ဒေါ်လာ ၇ သောင်းခွဲ တန်ဖိုးရှိတဲ့ ကုသရေး ပစ္စည်းတွေ လှူဒါန်းမယ်လို့ RFA ကို မိန့်ပါတယ်။

2012.10.12
သီတဂူ ဆရာတော် ဒေါက်တာအရှင်ဉာဏိဿရကို ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ တောင်တန်းသာသနာပြု အံတော်ရှင် ကျောင်းဝင်းအတွင်းမှာ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၂ ရက်နေ့က တွေ့ရစဉ်။
RFA

မျက်စိဝေဒနာ ကုသဖို့ အတွက် မြစ်ကြီးနားမြို့ တောင်တန်း သာသနာပြု သီတဂူ စက္ခုဒါနဆေးရုံမှာ မှန်ပုံတင်ထားတဲ့ မျက်စိဝေဒနာရှင် တစ်ထောင်ဝန်းကျင်ထဲက လူပေါင်း ၃၀၀ နီးပါး နဲ့ ပူတာအိုက လူပေါင်း ၁၀၀ နီးပါးကို ခွဲစိတ်ကုသနိုင်မှာ ဖြစ်တယ်လို့ ဆရာတော်က မိန့်ပါတယ်။

ဒါအပြင် ဆရာတော် အရှင်ဉာဏိဿရ ဟာ မြစ်ကြီးနား အကျဉ်းထောင်မှာ ရှိတဲ့ အကျဉ်းသား ၁၈၀၀ ကို တရားဟောပြီးတော့ ထမင်းကျွေး ဒါနပြုဖို့လည်း ရှိတယ်လို့ သိရပါတယ်။

သီတဂူဆရာတော်ကြီးရဲ့ တောင်တန်းသာသနာပြု သီတဂူစက္ခုဒါန ဆေးရုံတွေဟာ မြန်မာနိုင်ငံ ဒေသ အသီးသီးမှာ ၁၉ ခု ရှိပြီးတော့ မြန်မာနိုင်ငံ အတွင်းမှာ ရှိတဲ့ မျက်စိဝေဒနာရှင်တွေကို ကုသလာတာ အခုဆိုရင် ၁၅ နှစ်ရှိပြီလို့ သိရှိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။