ကိုကိုကြီး လွတ်လပ်မှု ချီတက်ပွဲ ပါဝင်ဆင်နွဲှ
2012.10.13

အဲဒီပွဲမှာ ကိုကိုကြီးက - လွတ်မြောက်ရေးကြိုးပမ်းနေသူတွေအတွက် ကမ္ဘာ့ပြည်သူတွေက ဝိုင်းဝန်းကူညီဖို့လိုတဲ့အကြောင်းပြောမှာဖြစ်တယ်လို့ ပွဲမစခင်မှာ ကိုကိုကြီးက RFA ကို ပြောပါတယ်။
ချက်ရီပတ်ပလစ်နိုင်ငံက People in Need အဖွဲ့ရဲ့ဖိတ်ကြားချက်အရ ချက်နဲ့ ပြင်သစ်နိုင်ငံအပါအဝင် ဥရောပနိုင်ငံတချို့ကို ခရီးထွက်လာတဲ့ ကိုကိုကြီးဟာ ဥရောပခရီးအတွက် ပထမဦးဆုံး ပြင်သစ်ကို ရောက်လာတာပါ။ ပြင်သစ်မရောက်ခင်မှာတော့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ၂ ရက်လောက် လေ့လာခဲ့ပါတယ်။
ကိုကိုကြီးဟာ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဌါနတာဝန်ရှိပုဂ္ဂိုလ်တွေနဲ့တွေ့ဆုံဖို့ရှိသလို၊ ဥရောပရောက် မြန်မာအသိုင်းအဝိုင်းနဲ့လဲတွေ့ဆုံဖို့ရှိပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံနောက်ပိုင်း ထောင်ထဲမှာနှစ်ပေါင်းများစွာနေခဲ့ရတဲ့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဟာ မကြာသေးခင်ကမှ နိုင်ငံကူးလက်မှတ်တွေရရှိပြီး၊ အခု ကိုကိုကြီး ပြည်ပနိုင်ငံကိုထွက်လာတာဟာ ပထမဆုံးဖြစ်ပါတယ်။