ဆရာတော်အရှင်ဉာဏိဿရ မျက်စိဝေဒနာရှင်တွေကို ကူညီနေ
2012.10.13

အောက်တိုဘာလ ၁၃ ရက် ဒီနေ့မှာ နောက်ထပ် လူနာ ၇၀ ကိုခွဲစိတ်ကုသပေးဖို့စီစဉ်ထား တယ်လို့သိရပါတယ်။
အောက်တိုဘာလ ၁၂ ရက်နေ့မနေ့က ကောင်းမွန်စွာ ခွဲစိတ်ကုသခံခဲ့ရသူတစ်ဦးဖြစ်တဲ့ ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အောင်သပြေရပ်ကွက်က မျက်စိဝေဒနာရှင် ဦးစောနွှဲ့ရွှေအုန်းက RFA ကို အခုလိုပြောပါတယ်။
“မျက်စိဝေဒနာကတော့ လုံးလုံးကိုမှ မမြင်ရလို့ အခုဒီမှာလာပြီးတော့ ကုသတာပါ။ ဆရာတော်ဘုရား စေတနာထားပြီးတော့မှ အခမဲ့ ကုသပေးတယ်ဆိုလို့ ဒီမှာလာပြီးတော့ ကုသတာပါ။ အခုတော့ မိမွေးတိုင်း ဖမွေးတိုင်း ဖြစ်လာတယ်ဆိုတော့ ဝမ်းသာတာပါ။ ဆရာတော်ဘုရားကို ကျေးဇူးတင် မဆုံးပါ….”
ဆရာတော် အရှင်ဉာဏိသရရဲ့ ကချင်ပြည်နယ် ခရီးစဉ်အတွင်းမှာ မြစ်ကြီးနားနဲ့ပူတာအိုမှာရှိတဲ့ မျက်စိဝေဒနာရှင်ရဟန်းးရှင်လူ အားလုံးပေါင်း ၄၀၀ နီးပါးကို မျက်စိပြန်မြင်လာအောင်ကုသပေးနိုင် မယ်လို့ဆရာတော်က RFA ကိုမိန့်ကြားပါတယ်။
ဆရာတော်ဟာ အောက်တိုဘာလ ၁၃ ရက် စနေနေ့မှာ မြစ်ကြီနား ပြည်သူ့ဆေးရုံကြီးမှာရှိတဲ့ မျက်စိကုသရေးဋ္ဌာနကို ဒေါ်လာ ၇ သောင်းကျော်ဖိုးတန်ဖိုးရှိတဲ့ မျက်စိခွဲစိတ်ကုသရေးပစ္စည်းများကို ဆေးရုံအုပ်ကြီး ဒေါ်စုစုဒွေးထံသို့လှူဒါန်း လိုက်တယ်လို့သိရပါတယ်။
ဒါ့အပြင် အောက်တိုဘာလ ၁၄ ရက်နေ့ မနက်ဖြန်မှာတော့ ဆရာတော်ဟာ မြစ်ကြီးနားအကျဉ်းထောင်မျာရှိတဲ့ အကျဉ်းသား တစ်ထောင့်ရှစ်ရာ ကို တရားဟောပြီး ညမနက် ဒံပေါက်ထမင်းကျွေးမှာဖြစ်ပါတယ်။ အောက်တိုဘာလ ၁၅ ရက်နေ့မှာတော့ ပူတာအိုမြို့ကို ဆက်လက် ခရီးဆက်မှာဖြစ်ပြီး၊ မျက်စိဝေဒနာရှင်တွေ ကုသမှုခံယူနိုင်ဖို့ စီစဉ်မယ်လို့သိရပါတယ်။