ကေအင်ယူ ခေါင်းဆောင်ကို ဝန်ကြီးတွေ တွေ့ဆုံအားပေး
2012.10.14
သမ္မတရုံးဝန်ကြီးတွေဖြစ်တဲ့ ဦးအောင်မင်း ၊ ဦးစိုးသိန်းနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီတို့ လာရောက်တွေ့ဆုံ အားပေးခဲ့တာလို့ မိသားစုဝင်တစ်ဦးက RFA ကို ပြောပါတယ်။
ပဒိုစောဒေးဗစ်ထောဟာ အဆုပ်ရောဂါကို အပြင်းအထန်ခံစားနေရတာဖြစ်ပြီး မနေ့က သွေးခြောက်ပုလင်း သွင်းခဲ့ရပါတယ်။ ဒီကနေ့မှာတော့ ရောဂါအခြေအနေသက်သာလာပြီး စကားလည်းကောင်းမွန်စွာ ပြောဆိုလာနိုင်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒါပေမယ့် နဂိုအခြေအနေအတိုင်း ထူထူထောင်ထောင် ပြန်ဖြစ်ဖို့ကတော့ တစ်လလောက် ဆေးရုံမှာ ဆက်နေရဖွယ်ရှိတယ်လို့လည်း သိရပါတယ်။