သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-01-25
မြန်မာနိုင်ငံက တရုတ်ကို ပြန်ပေးရမယ့် အကြွေးဟာ ပြည်ပကြွေးမြီအားလုံးရဲ့ ၄ဝ ရာခိုင်နှုန်းရှိနေပြီး၊ အတိုးများလွန်းတဲ့အတွက် အဲဒီအကြွေးကို မြန်နိုင်သမျှ မြန်မြန်ဆပ်ဖို့ လွှတ်တော်ကိုယ်စားလှယ် ဒေါ်ချိုချိုက တိုက်တွန်းလိုက်ပါတယ်။
2019-01-25
ကချင်ပြည်နယ် ချီဖွေမြို့နယ် စစ်ဘေးဒုက္ခသည်စခန်းတွေမှာ နေထိုင်သူတွေအတွက် ဆေးဝါးတွေ လိုအပ်နေပါတယ်။
2019-01-25
တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ပတ်သက်ပြီး သတိပေးချက်တခုကို တပ်မတော်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ ယာယီ အပစ်အခတ်ရပ်စဲထားတဲ့ကာလမှာ တိုင်းရင်းသားလက်နက်ကိုင်တချို့က အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးကို ထိခိုက်မယ့်ကိစ္စတွေ လုပ်ဆောင်နေတယ်လို့ ပြောဆိုထားတာပါ။
2019-01-25
မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ ခြံစည်းရိုးအကြား နေထိုင်သူတွေကို “နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ” လို့ သုံးစွဲတာဟာ တိုင်းပြည်အတွက် အန္တရာယ်ကိုဖိတ်ခေါ်သလို ဖြစ်နေတဲ့အတွက် ပြင်ဆင်ပေးဖို့ ကြံ့ခိုင်ဖံ့ွဖြိုးရေးပါတီ ကိုယ်စားလှယ်က ဒီနေ့ ပြည်သူ့လွှတ်တော်မှာ တင်ပြလိုက်ပါတယ်။
2019-01-25
အစိုးရထံက နှစ်သုံးဆယ်လုပ်ပိုင်ခွင့်နဲ့ ငှားရမ်းထားတဲ့ ကျော်ထက်ကျော်ကုမ္ပဏီရဲ့ အုတ်ကျင်း ဂုန်နီစက်ရုံနဲ့ လျှော်ရွေးလျှော်ထုပ်စက်ရုံ အလုပ်သမားသုံးရာကျော် အလုပ်ထုတ်ခံရမှုအတွက် အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေ ဒီကနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2019-01-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်အတွင်း ရက္ခိုင့်တပ်မတော်(AA)နဲ့ အစိုးရတပ်မတော်တို့ တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ယိုးချောင်းဒေသက ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကို အမည်မသိလက်နက်ကိုင်တွေက ခေါ်ယူသွားတာနဲ့ ပတ်သက်လို့ စုံစမ်းပေးဖို့ ကျေးရွာအုပ်ချုပ်ရေးမှူး ၄ဝ ကျော်က မြို့နယ်အုပ်ချုပ်ရေးမှူးကို မနေ့ကတောင်းဆို လိုက်ပါတယ်။
2019-01-25
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီနေ့မနက်မှာ ရန်ကုန်တိုင်း မှော်ဘီမြို့နယ် ကုလားကုန်းကျေးရွာအတွင်းက မူလတန်းလွန်ကျောင်းကို သွားရောက်ခဲ့ပြီး ကျောင်းသူကျောင်းသားတွေရဲ့ လိုအပ်ချက်တွေ၊ ကျောင်းရဲ့လိုအပ်ချက်တွေကို မေးမြန်းခဲ့ပါတယ်။
2019-01-25
ရခိုင်ပြည်နယ် မောင်တောမြို့နယ်ကနေ စစ်တွေမြို့မှာ လာရောက်ခိုလှုံနေတဲ့ ဟိန္ဒူတွေဟာ သူတို့ကို မူရင်းဒေသ အဓမ္မပြန်ပို့မယ်ဆိုရင် မွတ်စလင်အကြမ်းဖက်တွေက သတ်ဖြတ်မှာကို စိုးရိမ်နေကြပါတယ်။
2019-01-25
ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသခံတောင်သူတွေရဲ့ မြေယာတွေကို သိမ်းယူပြီး မြို့ဧရိယာတိုးချဲ့တာနဲ့ မြေကွက်တွေ ဖော်ဆောင်နေတာကို ဒေသခံတောင်သူတွေနဲ့ မြေသိမ်းခံရသူတွေက ဟားခါးမြို့မှာ ဒီနေ့မနက်က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။
2019-01-25
ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ကနေ မလေးရှားနိုင်ငံဘက်ကို ထွက်ခွာဖို့ပြင်ဆင်နေတဲ့ မွတ်စလင် ၁၈ ဦးနဲ့ လူပွဲစားနှစ်ဦးကို စစ်တွေမြို့နယ်ရဲတပ်ဖွဲ့က မနေ့က ဖမ်းဆီးလိုက်ပါတယ်။
2019-01-25
မြန်မာ- ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံကြား နေထိုင်သူတွေကို "နိုင်ငံတကာနယ်နိမိတ်အတွင်း နေထိုင်သူတွေ"လို့ သုံးနှုန်းခဲ့တာကို ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးမောင်မြင့်က ကန့်ကွက်လိုက်ပါတယ်။
2019-01-25
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှာ ပြီးခဲ့တဲ့ဇန်နဝါရီလ ၁၉ ရက်နေ့က အမည်မသိလက်နက် ကိုင် ၅ ဦးက ဖမ်းဆီးခေါ်ဆောင်သွားတဲ့ တောင်မင်းကုလားကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းနုကို စုံစမ်းပေးဖို့ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ၄၀ ကျော်က စုပေါင်းလက်မှတ်ရေးထိုးပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသီဟဇော်ထံ မနေ့က တောင်းဆိုလိုက်ပါတယ်။
2019-01-25
အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့ လာမယ့် ဖေဖော်ဝါရီလ အတွင်းမှာ တရားဝင် ဆွေးနွေးဖို့ရှိတယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင် PCG က ဦးဆန်းအောင်က RFA ကို ပြောပါတယ်။
2019-01-25
ရန်ကုန်တိုင်း လှိုင်မြို့နယ် ကျော်ထက်ကျော် ကုမ္ပဏီက အလုပ်ထုတ်ခံထားရတဲ့ အလုပ်သမား ၃၀၀ ကျော်ကို အလုပ်ပြန်ခန့်ပေးဖို့ အလုပ်သမားတွေ ဒီနေ့မနက်က ဆန္ဒပြတောင်းဆိုခဲ့ပါတယ်။
2019-01-25
တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေအနေနဲ့ သက်ဆိုင်ရာဒေသတွေမှာ လှုပ်ရှားဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေးကိုထိခိုက်စေမယ့် လုပ်ရပ်မျိုးတွေ မလုပ်ကြဖို့၊ နယ်မြေကျော်လွန် လှုပ်ရှားတာတွေကို လာမယ့် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ နောက်ဆုံးထား ပြန်လည်ဆုတ်ခွာဖို့ တပ်မတော်က သတိပေးကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။