ဟားခါးမြို့ ဧရိယာတိုးချဲ့မှုကြောင့် မြေသိမ်းခံရသူတွေ ဆန္ဒပြ


2019.01.25
chin-farmers-protest-622.jpg မြေယာတွေကို သိမ်းယူပြီး မြို့ဧရိယာတိုးချဲ့တာနဲ့ မြေကွက်တွေ ဖော်ဆောင်နေတာကို မြေသိမ်းခံရသူတွေက ချင်းပြည်နယ် ဟားခါးမြို့မှာ ၂ဝ၁၉ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့က ဆန္ဒပြခဲ့စဉ်
Photo: Dawt Cung

ချင်းပြည်နယ် ဟားခါးမြို့မှာ ဒေသခံတောင်သူတွေရဲ့ မြေယာတွေကို သိမ်းယူပြီး မြို့ဧရိယာတိုးချဲ့တာနဲ့ မြေကွက်တွေ ဖော်ဆောင်နေတာကို ဒေသခံတောင်သူတွေနဲ့ မြေသိမ်းခံရသူတွေက ဟားခါးမြို့မှာ ဒီနေ့မနက်က ကန့်ကွက်ဆန္ဒပြခဲ့ပါတယ်။

မူလမြေပိုင်ရှင်တွေကို ညှိနှိုင်းတာမရှိဘဲ ချင်းပြည်နယ်အစိုးရက မြို့ဧရိယာတိုးချဲ့ဖို့ စီစဉ်နေတာကို မကျေနပ် တာကြောင့် ဟားခါးမြို့ ဖလန်း- ထန်တလန် လမ်းဆုံကနေ မြို့နယ်အားကစားကွင်းထိ လမ်းလျှောက်ဆန္ဒပြ တာဖြစ်ကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

ဆန္ဒပြသူတွေဟာ ပွင့်လင်းမြင်သာမှုမရှိတဲ့ မြို့ပြစီမံကိန်းကို အလိုမရှိကြောင်း၊ တိုင်းရင်းသား တောင်သူလယ် သမားတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးဖို့၊ နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ မြေယာဥပဒေမူဝါဒ လမ်းညွှန်ချက်တိုင်း ချင်းပြည်နယ် အစိုးရက ဆောင်ရွက်ဖို့နဲ့ တရားဥပဒေ စိုးမိုးရေး အပါအဝင် အချက် ၇ ချက်ကို တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။

ချင်းပြည်နယ်အစိုးရက ပြည်နယ်အစိုးရ ရုံးစိုက်ရာ ဟားခါးမြို့ရဲ့ မြို့ပြ ဧရိယာကို ၂ သောင်း ရှစ်ထောင် ဧက တိုးချဲ့ဖို့ စီစဉ်နေတာလို့ သိရပါတယ်။

ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။