သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2017-01-26
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေအတွက် ပြည် တွင်းစီးပွားရေး လုပ်ငန်းရှင်တွေရဲ့ ပထမ ဆုံးလှူဒါန်းငွေဟာ ကျပ်ငွေ ၁၁ ဘီလီယံအထိရှိနေပြီး ထပ်မံ လှူဒါန်းဖို့ရှိတာတွေပေါင်းရင် ကျပ်ငွေ ၁၅ ဘီလီယံအထိ ရရှိမယ်လို့ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဌနဲ့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးခင်ရွှေက ပြောပါတယ်။
2017-01-26
တတိယ အကြိမ်မြောက် အာရှ ကော့စမို ပိုလီတန်ဆုချီးမြှင့်ပွဲမှာ Grand Prize ဂုဏ်ထူးဆောင် ရရှိခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန်ကို ဂုဏ်ပြုတဲ့ပွဲကို နေပြည်တော်က ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီရုံးမှာ ဒီကနေ့ ညနေ ၆ နာရီခွဲမှာ ကျင်းပခဲ့ပါတယ်။
2017-01-26
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့မှာ စစ်ပွဲ အလိုမရှိကြောင်း ပြဇာတ်ကပြခဲ့တဲ့ ကျောင်း သား ၉ ဦးရဲ့အမှုကို အနောက်တောင်တိုင်း စစ်ဌာနချုပ်က အသရေဖျက်မှု ဥပဒေ ပုဒ်မ ၅၀၀ နဲ့ တရားစွဲ ဆိုရာမှာ အမှုကို ပုသိမ်မြို့နယ် တရားရုံးက မနေ့က လက်ခံ လိုက်ပါတယ်။
2017-01-26
မွန်ပြည်နယ်၊ ရေးမြို့နယ် မြို့မရဲစခန်းက ရဲအုပ်တစ်ဦးကို အဂတိလိုက်စားမှုနဲ့ ပြည် နယ်ရဲတပ်ဖွဲ့ရုံးမှာ ဖမ်းဆီးစစ်ဆေးနေတယ် လို့ ပြည်နယ်ရဲတပ်ဖွဲ့ရုံးက ပြောပါတယ်။
2017-01-26
တရုတ်-မြန်မာ နယ်စပ်ဖြစ်တဲ့ ကချင်ပြည် နယ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီမြို့မှာ မနေ့ညပိုင်းက မီးလောင်လို့ အဆောက် အဦး ၅ လုံး ပျက်စီးပြီး ကာလတန်ဖိုး ကျပ်သိန်းပေါင်း နှစ်ရာဝန်းကျင် ဆုံးရှုံးခဲ့ပါတယ်။
2017-01-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မကွေးတိုင်း ပခုက္ကူမြို့နယ်က စံပြကြီး ကျေးရွာ ကို သွားရောက်ပြီး ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။
2017-01-26
ရန်ကုန်မြို့မှာ YBS ဘတ်စ်ကားတွေ ရပ်တန့်ဖို့နေရာ အဆင့်မြှင့်တင်နိုင်ရေးအတွက် ငွေကျပ် ၁ဝ ဘီလီယံနဲ့ ဘတ်စ်ကားအဟောင်းတွေ အဆင့်မြှင့်တင်ဖို့၊ ကားအသစ်တွေဝယ်ယူဖို့ ဘီလီယံ ၆ဝ သုံးစွဲသွားမယ်လို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောလိုက်ပါတယ်။
2017-01-26
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ပြည်နယ်အတွင်းမှာ ရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေကို အရေးယူနေတာ အခုဆိုရင် အစီး ၆ဝ ကျော် ဖမ်းဆီးထားပြီလို့ သိရပါတယ်။
2017-01-26
နိုင်ငံမှာ လက်ရှိရင်ဆိုင်နေရတဲ့ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်မှုတွေနဲ့ တရားဥပဒေစိုးမိုးရေး တို့အတွက် အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုအပ်ကြောင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ အပါအဝင် ပါတီ ၁၅ ခုက မနေ့က ရက်စွဲနဲ့ ပူးတွဲ သဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ပူးတွဲထုတ်ပြန်ချက်မှာပါဝင်တဲ့ တအာင်းပလောင် အမျိုးသားပါတီက အဲဒီကြေညာချက်ကို လက်မခံနိုင်ကြောင်းနဲ့ ထုတ်ပြန်ချက်ထုတ်ဖို့ သဘောတူ လက်မှတ်ထိုးခဲ့တာမရှိဘူးလို့ ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2017-01-26
မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေနံချောင်း၊ ပွင့်ဖြူ၊ စကု၊ မကွေး၊ စတဲ့ မြို့နယ်တချို့မှာ ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ ပေါက်ကွဲသံတွေဟာ မကွေးမြို့ တပ်မတော်(လေ)က ဝေဟင် ကနေ မြေပြင်ပစ်တဲ့ လက်နက်စမ်းသပ်ခြင်းဖြစ် တယ်လို့ မကွေးတိုင်းဒေသကြီး အမှတ် ၅ မဲဆန္ဒနယ် က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။
2017-01-26
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ပညာရေးကောလိပ်က ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် သင်တန်းသားခေါ်ယူရာမှာ တက်တူးထိုးထားသူ၊ မသန်စွမ်းသူ ၊ မိန်းမလျာ၊ ယောက်ျားလျာ၊ ပိုလီယို၊ ခြေပူးလက်ပူး၊ ခြေပွားလက်ပွား၊ မျက်စိစွေစောင်း၊ ကျောက်မျက်လုံး၊ အရပ် ၄ ပေ ၈ လက်မ အောက်ရှိသူတွေကို သင်တန်းတက်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း ကန့်သတ်ထားတဲ့အပေါ် ပညာရေးအသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။
2017-01-26
ရန်ကုန်မြို့မှာ မထသ ကို ဖျက်သိမ်းပြီး အစားထိုးခဲ့တဲ့ YBS အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းကြောင့် ခရီးသွားလူထု အခက်အခဲမျိုးးစုံ ကြုံတွေ့နေရတာနဲ့ ပတ်သက်ပြီး ဘတ်စ်ကား နေ့စဉ်စီးခရီးသည် တဦးဖြစ်တဲ့ စာရေးဆရာမ ခင်ငြိမ်းသစ် ကို အဖွဲ့သား ဦးခင်မောင်စိုး က ဆက်သွယ်မေးမြန်းထားပါတယ်။
2017-01-25
မန္တလေးတိုင်းအတွင်းရှိ စိုက်ပျိုးရေး လုပ်ကိုင်ခြင်းမရှိတဲ့ မြေယာဧက လေးသောင်းကျော်ကို နိုင်ငံပိုင်အဖြစ်သိမ်းယူမှာဖြစ်တယ်လို့ မန္တလေးတိုင်း အစိုးရအဖွဲ့က ဗုဒ္ဓဟူးနေ့က ပြောဆိုပါတယ်။
2017-01-25
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးစာချုပ် NCA ကို လက်မှတ်ရေးထိုးထားခြင်း မရှိသေးတဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ရဲ့ ကိုယ်စားလှယ်တွေ ဟာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဖို့ ဆုံးဖြတ်လိုက်ပါတယ်။
2017-01-25
မြန်မာပြည်ရဲ့ ဒီမိုကရေစီပြောင်းလဲရေးနဲ့ ပဋိပက္ခတွေ ဖြေရှင်းရေးအတွက် အင်ဒို နီးရှားနိုင်ငံရဲ့ အတွေ့အကြုံတွေကို ဓါတ်ခွဲစမ်းသပ်ခန်းသ ဖွယ် အသုံးပြုလေ့လာနိုင်ပါတယ်လို့ အင်ဒိုနီးရှားနိုင် ငံခြားရေးဝန်ကြီး Retno Marsudi ရိနို မာစူးဒီ က ပြောကြား လိုက်ပါတယ်။