မွန်ပြည်နယ်က ဘေးတွဲဆိုင်ကယ်များ
2017.01.26
မွန်ပြည်နယ်အစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အရ ဇန်နဝါရီလ ၁၅ ရက်နေ့ကစပြီး ပြည်နယ်အတွင်းမှာ ရှိတဲ့ ဘေးတွဲဆိုင်ကယ်တွေကို အရေးယူနေတာ အခုဆိုရင် အစီး ၆ဝ ကျော် ဖမ်းဆီးထားပြီလို့ သိရပါတယ်။ အဲဒီလို ဘေးတွဲဆိုင်ကယ်တွေ ဖမ်းဆီးခံနေရတာကြောင့် ဘေးတွဲတွေနဲ့ လုပ်ကိုင်စားသောက်နေသူတွေ အခက်အခဲနဲ့ ရင်ဆိုင်နေရပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။