ပုသိမ်ပညာရေးကောလိပ် သင်တန်းသားခေါ်ယူမှု မေးမြန်းချက်


2017.01.26

ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ပညာရေးကောလိပ်က ၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် သင်တန်းသားခေါ်ယူရာမှာ တက်တူးထိုးထားသူ၊ မသန်စွမ်းသူ ၊ မိန်းမလျာ၊ ယောက်ျားလျာ၊ ပိုလီယို၊ ခြေပူးလက်ပူး၊ ခြေပွားလက်ပွား၊ မျက်စိစွေစောင်း၊ ကျောက်မျက်လုံး၊ အရပ် ၄ ပေ ၈ လက်မ အောက်ရှိသူတွေကို သင်တန်းတက်ရောက်ခွင့်ပြုမှာ မဟုတ်ကြောင်း ကန့်သတ်ထားတဲ့အပေါ် ပညာရေးအသိုင်းအဝိုင်းမှာ ဝေဖန်မှုတွေ ထွက်ပေါ်နေပါတယ်။

အဲဒီလိုအရည်အသွေး သတ်မှတ်ချက်တွေဟာ ခေတ်နောက်ပြန်ဆွဲတဲ့ အယူအဆတွေဖြစ်တဲ့အတွက် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ် အလုပ်အမှုဆောင်ကော်မတီဝင် ဦးဝေယံအောင် က ပြောပါတယ်။

ဦးဝေယံအောင် ကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။