မကွေးမြို့ တပ်မတော်(လေ) လက်နက်စမ်းသပ်မှု မေးမြန်းချက်
2017.01.26
မကွေးတိုင်းဒေသကြီး မင်းဘူး၊ ရေနံချောင်း၊ ပွင့်ဖြူ၊ စကု၊ မကွေး၊ စတဲ့ မြို့နယ်တချို့မှာ ဒေသခံတွေ စိုးရိမ်ထိတ်လန့်ခဲ့ရတဲ့ ပေါက်ကွဲသံတွေဟာ မကွေးမြို့ တပ်မတော်(လေ)က ဝေဟင်ကနေ မြေပြင်ပစ်တဲ့ လက်နက်စမ်းသပ်ခြင်းဖြစ်တယ်လို့ မကွေးတိုင်းဒေသကြီး အမှတ် ၅ မဲဆန္ဒနယ် က အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးတင်အောင်ထွန်း က ပြောပါတယ်။
ဦးတင်အောင်ထွန်း ကို RFA သတင်းထောက် မသီရိမင်းဇင် က ဆက်သွယ်မေးမြန်းထားပါတယ်။