သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-12-27
ထိုင်းနိုင်ငံ ကော့စမွီးခရိုင်တရားရုံးက မြန် မာနိုင်ငံသားနှစ်ဦးကို သေဒဏ်အမိန့်ချမှတ် လိုက်တာနဲ့ ပတ်သက်ပြီး၊ တရားရေးနည်းလမ်းနဲ့ ပြေလည် မှုရရှိရေး လုပ်ငန်းစဉ်ဟာ မပြီးဆုံးသေးတဲ့အတွက် ဆန္ဒပြနေကြတဲ့ မြန်မာနိုင်ငံသားတွေ အနေနဲ့ အေးချမ်း တည်ငြိမ်စွာ နေကြဖို့၊ ဒီအမှုမှာ ငွေအား၊ လူအား အပြည့်နဲ့ ကူညီဆောင်ရွက်ပေးနေတဲ့ ထိုင်းရှေ့နေများကောင်စီ က မေတ္တာရပ်ခံလိုက်ပါတယ်။
2015-12-27
အစိုးရနဲ့ အပစ်အခတ်ရပ်စဲရေးသဘော တူညီမှုရယူထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ မွန်ပြည် သစ်ပါတီ NMSP ရဲ့ အဌမအကြိမ်မြောက် ပါတီညီလာခံကို ပါတီ ဗဟိုဌာနချူပ်ရှိရာ ရေးချောင်းဖျား ဒေသမှာ ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်နေ့က စတင် ကျင်းပနေပါတယ်။
2015-12-27
ကချင်ပြည်နယ် ဖားကန့်ဒေသက ကျောက် စိမ်းတူးဖေါ်နေတဲ့ မြေစာပုံတစ်ခု မှာ သောကြာနေ့က မြေပြိုမှု ထပ်မံ ဖြစ်ပွား ခဲ့ရာမှာ၊ အခုထိ ပျောက်ဆုံးသူ သုံးဦးသာ တရားဝင် စာရင်း ရရှိသေးတယ်လို့ AFP သတင်း က ဖေါ်ပြပါတယ်။
2015-12-27
ဒီအတွင်း မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ် စီရင်ချက် ချမှတ်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး၊ ထိုင်း မြန်မာ နယ်စပ်၊ မြန်မာဘက်ခြမ်းက ဘုရားသုံးဆူ နယ်စပ် ဂိတ်ကို မြန်မာ အာဏာပိုင်တွေက ဒီနေ့ပိတ်ထား လိုက်တယ်လို့ ဘန်ကောက်ပို့စ် သတင်းက ဖေါ်ပြပါတယ်။
2015-12-27
ထိုင်းနိုင်ငံ လိပ်ကျွန်းလူသတ်မှုနဲ့ ပတ်သက် ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် ရဲ့နေအိမ်ရှေ့မှာ ဆန္ဒပြ သူတွေက ဒီကနေ့ ညနေပိုင်းက ရောက်ရှိလာကြ ပြီး ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ အကူအညီပေး ဖို့ တောင်းဆိုခဲ့ကြပါတယ်။
2015-12-27
အစိုးရက ရေးဆွဲထားတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းဟာ ကာ/လုံ အစည်းအဝေးတွေမှာ သဘောကွဲလွဲမှုတွေဖြစ်လာ ရင် တပ်မတော်က ခန့်ထားသူတွေကသာ မဲအနိုင်ရဖို့ အတွက် ကြိုတင်ပြီးရေးဆွဲတဲ့ ဥပဒေဖြစ်လာနိုင်တယ်လို့ ယူဆကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။
2015-12-27
လွှတ်တော်ကိုယ်စားလှယ်တွေထံ ဖြန့်ဝေထားပြီးဖြစ် တဲ့ ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ (ကာလုံ) ဥပဒေကြမ်းကို လွှတ်တော်မှာဆွေးနွေးတဲ့အခါ ကိုယ်စားလှယ်တွေဘက်က ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ကျော်လွန်ပြီး ထောက်ပြဝေဖန်လို့မရနိုင် တဲ့အတွက် အဲ့ဒီဥပဒေဟာ သမ္မတလက်မှတ်နဲ့ အတည်ပြုစရာပဲ ကျန်ရှိသလိုဖြစ်နေတယ်လို့ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဦးဖုန်းမြင့်အောင် က ပြောပါတယ်။
2015-12-27
ထိုင်းနိုင်ငံတောင်ပိုင်း လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမူနဲ့ သေဒဏ်ပေးခံထားရတဲ့ မြန်မာနိုင်ငံသားနှစ်ဦးအတွက် ဥပဒေကြောင်းအရ ပြန်လည်စဉ်းစားပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုကြောင်း UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီက မေတ္တာရပ်ခံစာ ပေးပို့လိုက်ပါတယ်။
2015-12-27
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ၂ဝ၁၅ ခုနှစ် မြန်မာပြည်ရဲ့ထူးခြားလှတဲ့ အခြေအနေတွေ ကို နားဆင်ရမှာဖြစ်ပါတယ်။ ဦးခင်မောင်စိုး က စီစဉ်တင်ဆက် ထားပါတယ်။
2015-12-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ဟာ ရန်ကုန်တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ ဆိုက်ကား ဆရာတွေနဲ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမ မှာတွေ့ဆုံဆွေးနွေးခဲ့ပါတယ်။
2015-12-27
ထိုင်းနိုင်ငံ ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသား နှစ်ဦးအသတ်ခံရမှုနဲ့ မြန်မာနိုင်ငံသားနှစ်ဦး သေဒဏ် ချမှတ်ခံရတာကို ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ တာချီလိတ်၊ မြောက်ဦး၊ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာ ဒေသ ခံတွေက ဆန္ဒပြကန့်ကွက်တာတွေ၊ သူတို့ ၂ ဦး လွတ်မြောက်ဖို့အတွက် ဆုတောင်းပွဲတွေ ဒီနေ့ ကျင်းပကြပါတယ်။
2015-12-27
ကချင်ပြည်နယ် ဖားကန့်မြို့ ကောင်းခါးကျေးရွာအုပ်စု ထဲက မြန်မာတကောင်း ကျောက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ မနေ့ညနေ က ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၃၀ လောက် မြေစာပုံပိနေတယ်လို့ သိရပါတယ်။
2015-12-27
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင် ငံသား၂ ဦး ကို သေဒဏ်ချမှတ် လိုက်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေနေထိုင်တဲ့ နေရာတွေမှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေ တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။
2015-12-27
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်းတို့နှစ်ဦးကို ထိုင်းနိုင်ငံတောင်ပိုင်း၊ Koh Samuei ခရိုင်တရားရုံး က သေဒဏ်ချမှတ်တဲ့အပေါ် တရားဥပဒေကြောင်း အရ အယူခံဝင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ့်အပြင် သံတမန်ရေးရာ ဆက်ဆံရေးအရ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ပြင်ဆင်ဖို့ တောင်းဆိုသွားမှာဖြစ်တယ် လို့ နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ပြောပါတယ်။
2015-12-26
မြန်မာနိုင်ငံသား ကိုဝင်းဇော်ထွန်းနဲ့ ကိုဇော်လင်း တို့ကို ဗြိတိန်နိုင်ငံ သားနှစ်ယောက် အသတ်ခံရမှုနဲ့ စွပ်စွဲပြီး ထိုင်းနိုင်ငံတောင်ပိုင်း ကော့စမွီခရိုင် တရားရုံးက သေဒဏ် အမိန့်ချလိုက်တာကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ တိုင်းရင်း သားလက်နက်ကိုင်တော် လှန်ရေးတပ်ပေါင်းစုဖြစ်တဲ့ ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖယ်ဒရယ်ကောင်စီ UNFC ကထိုင်းအစိုးရကို မနေ့က ဒီဇင်ဘာလ ၂၆ ရက်နေ့စွဲနဲ့ မေတ္တာရပ်ခံ စာတစ်စောင်ပေးပို့လိုက်ပါတယ်။