ထိုင်းက မြန်မာနိုင်ငံသားတွေနေထိုင်တဲ့ နေရာတွေမှာ လုံခြုံရေးတင်းကြပ်
2015.12.27
ထိုင်းနိုင်ငံတောင်ပိုင်း ခိုတောင်ကျွန်း ခေါ် လိပ်ကျွန်းမှာ ဗြိတိန်နိုင်ငံသားနှစ်ဦး သတ်ခံရတာနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံသား၂ ဦး ကို သေဒဏ်ချမှတ် လိုက်ပြီး နောက်ပိုင်း ထိုင်းနိုင်ငံမှာ မြန်မာနိုင်ငံသားတွေနေထိုင်တဲ့ နေရာတွေမှာ လုံခြုံရေး တင်းကြပ်ထားတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးနေ တဲ့ မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းက ပြောပါတယ်။
မြန်မာသံရုံးအထူးကိုယ်စားလှယ်အဖွဲ့ဝင် ဦးကျော်သောင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က ဆက်သွယ်မေးမြန်းထားပါတယ်။