ဖားကန့် မြေစာပုံ ထပ်မံပြိုကျ လူ ၃ဝ ကျော် ပိတ်မိနေတဲ့ အကြောင်း မေးမြန်းချက်


2015.12.27

ကချင်ပြည်နယ် ဖားကန့်မြို့ ကောင်းခါးကျေးရွာအုပ်စုထဲက မြန်မာတကောင်း ကျောက်တူးဖော်ရေးကုမ္ပဏီရဲ့ စွန့်ပစ်မြေစာပုံဟာ ဒီဇင်ဘာ ၂၅ ရက်နေ့ မနေ့ညနေက ပြိုကျခဲ့တာကြောင့် ရေမဆေးကျောက် ရှာဖွေသူ ၃၀ လောက် မြေစာပုံပိနေတယ်လို့ သိရပါတယ်။

မြန်မာတကောင်း ကျောက်တူးဖော်ရေးကုမ္ပဏီနဲ့ အစိုးရဌာနဆိုင်ရာတွေက မြေတူးစက် ၆လုံးနဲ့ ရှာဖွေနေပေမယ့် ရုပ်အလောင်းတွေကို မတေ့ွရသေးဘူး လို့ မြေစာပုံပြိုတဲ့နေရာကို ရောက်ရှိနေတဲ့ ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်မိုးမိုးက ပြောပါတယ်။

ဒေါ်မိုးမိုးကို RFA သတင်းထောက် မဇာဏီထွဏ်း က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။