သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-09-27
TNLA အနေနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးရရှိအောင် ကြိုးစားအားထုတ်နေတဲ့ အဖွဲ့အစည်းဖြစ်တာနဲ့အညီ ဖမ်းဆီးထားတဲ့ ရှမ်းတိုင်းရင်းသူ နန်းမိုဟွမ် ကို အမြန်ဆုံးပြန်လည် လွှတ်ပေးခြင်းနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ TNLA ရဲ့ ကြိုးစားဆောင်ရွက်နေမှုတွေကို သက်သေပြနိုင်ဖို့ အလေးအနက် တိုက်တွန်းကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-27
ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးတဲ့ ဓာတ်မြေသြဇာတွေကို ပြန်လည်ဖြန့်ဝေရာမှာ မျှမျှတတ မရတဲ့အတွက် မကျေနပ်တဲ့ တောင်သူ ၂၀၀ ခန့်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။
2018-09-27
"ဝ" အထူးဒေသမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ခရစ်ယာန် ဓမ္မဆရာတော်တွေနဲ့ ခရစ်ယာန် ဘာသာဝင်တွေ ပြန်လည်လွတ်မြောက်ရေးအတွက် ဆုတောင်းပေးကြဖို့ ကျိုင်းတုံမြို့အခြေစိုက် လားဟူ နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်က နှိုးဆော်လိုက်ပါတယ်။
2018-09-27
ရခိုင်ပြည်နယ်က ထွက်ပြေးသွားသူတွေ ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ တဖက်နဲ့ တဖက် အပြစ်တင်နေတာတွေထက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ သဘောတူညီချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သွားဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြက ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2018-09-27
ရိုဟင်ဂျာ ၇ သိန်းကျော် ဘင်္ဂလားဒေ့ရ်ှနိုင်ငံကို ထွက်ပြေးရတာနဲ့ ပတ်သက်ပြီး မြန်မာစစ်တပ်က စနစ်တကျ နယ်မြေရှင်းလင်းရေးအတွက် ပြင်ဆင်တဲ့အထောက်အထားတွေ၊ ခြိမ်းခြောက်မှုတွေ ပါတဲ့ ဗွီဒီယိုဖိုင်ကို FORTITY RIGHTS အဖွဲ့က ဒီနေ့ ထုတ်ပြန်လိုက်ပါတယ်။
2018-09-27
ကုလသမဂ္ဂအဖွဲ့အစည်းတွေ ဘူးသီတောင် မောင်တောဒေသက ကျေးရွာ ၂၃ ရွာကို ကွင်းဆင်းလေ့လာ တွေ့ရှိချက်တွေနဲ့ ပတ်သက်ပြီး အစိုးရအာဏာပိုင်တွေနဲ့ မနက်ဖြန် တွေ့ဆုံဆွေးနွေးသွားဖို့ရှိတယ်လို့ လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းသိန်း က ပြောပါတယ်။
2018-09-27
ပါတီကနေ နုတ်ထွက်ခွင့်တောင်းထားတဲ့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးဟာ ပါတီအတွက် အလွန်အရေးပါတဲ့သူဖြစ်တာကြောင့် နုတ်ထွက်ခွင့်ပေးဖို့ မရှိကြောင်းနဲ့ ပါတီဗဟိုအလုပ်အမှုဆောင် ကော်မတီက လက်ရှိအချိန်အထိ အဲဒီကိစ္စကို ဆွေးနွေးတာ မရှိသေးကြောင်း SNLD ပါတီ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။
2018-09-27
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးမှာ ဦးဆောင်နေတဲ့ပါတီဖြစ်တယ်လို့ NLD ပါတီ ဗဟိုအလုပ်မှုဆောင် ကော်မတီဝင် ဦးဉာဏ်ဝင်းက ပြောကြားလိုက်ပါတယ်။
2018-09-27
ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသကို အင်းတိုင်းရင်းသားတွေရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသအဖြစ် တောင်းဆိုသွားဖို့အတွက် ကနဦးအနေနဲ့ နမ့်ပန်ကျေးရွာ မြို့အဆင့်ပြန်လည် သတ်မှတ်နိုင်ရေး အစည်းအဝေးကို လာမယ့် စက်တင်ဘာလ ၂၉ ရက်နေ့ နမ့်ပန်ဘုန်း ကြီးကျောင်းမှာ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
2018-09-27
မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို “လူမျိုးတုံးသတ်ဖြတ်မှု” အဆင့် သတ်မှတ်သင့် - မသင့် အမေရိကန်အစိုးရက စဉ်းစားနေဆဲ ဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဌာနက ပြောဆိုလိုက်ပါတယ်။
2018-09-27
အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက လက်ခံကျင်းပတဲ့ ရိုဟင်ဂျာတွေကို လူမျိုးတုံး သုတ်သင်သတ်ဖြတ်နေတယ် ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာပွဲအကြောင်းကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် တင်ပြပါလိမ့်မယ်။
2018-09-26
မြန်မာ့တပ်မတော်က ရိုဟင်ဂျာမွတ်စလင်တွေကို ကျူးလွန်တဲ့လုပ်ရပ်ကို genocide လို့ခေါ်တဲ့ လူမျိုးတုံး သုတ်သင်ရှင်းလင်းမှုအဖြစ် သတ်မှတ်ဖို့ အမေရိကန် အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီက အမေရိကန်အစိုးရကို မနေ့က တိုက်တွန်းလိုက်ပါတယ်။
2018-09-26
ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာမွတ်စလင်တွေ ရက်စက်စွာချေမှုန်းသတ်ဖြတ်ခံခဲ့ရမှုတွေအတွက် တာဝန်ရှိသူတွေကို ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ နိုင်ငံတကာအဆင့် တရားစီရင် မှုပြုလုပ်နိုင်ရန် ဆောင်ရွက်ဖို့ မလေးရှား နိုင်ငံခြားရေးဝန်ကြီးဌာန ညွန်ကြားရေးမှူး ကနေဒီ ဂျာဝမ် က ဗုဒ္ဓဟူးနေ့ မနေ့က ပြောကြားလိုက်ပါတယ်။
2018-09-26
ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ကုလသမဂ္ဂဖွံ့ဖြိုးရေးအစီအစဉ်က ဝန်ထမ်းတွေဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ ပဏာမ လေ့လာစစ်ဆေးမှုတွေ ပြီးစီးသွားပြီဖြစ်တဲ့အတွက် ရရှိတဲ့အချက်အလက်တွေကို အခုလေ့လာစိစစ်နေတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ UNHCR အရာရှိတစ်ဦးက ပြောပါတယ်။
2018-09-26
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၀၇ ခုက ချီးမြှင့်အပ်နှင်းထားတဲ့ ဂုဏ်ထူးဆောင် ကနေဒါနိုင်ငံသားဆု ပြန်ရုပ်သိမ်းရေး၊ မရုပ်သိမ်းရေးအတွက် အမတ်တွေ အချေအတင်ဆွေးနွေးဖို့ လမ်းဖွင့်ထားတယ်လို့ ဝန်ကြီးချုပ် Justin Trudeau က မနေ့က ပြောကြားလိုက်ပါတယ်။