ကောလင်းမှာ တောင်သူတွေ ဓာတ်မြေသြဇာ မျှမျှတတရရှိရေး ဆန္ဒပြ


2018.09.27
kawlin-farmers-protest-622.jpg ဓာတ်မြေသြဇာ မျှမျှတတရရှိရေးအတွက် ကောလင်းမြို့က တောင်သူတွေ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ဆန္ဒပြစဉ်
ဓာတ်ပုံ- နန္ဒတစ်ကိုယ်တော်

ကမ္ဘာ့ဘဏ်က ထောက်ပံ့ပေးတဲ့ ဓာတ်မြေသြဇာတွေကို ပြန်လည်ဖြန့်ဝေရာမှာ မျှမျှတတ မရတဲ့အတွက် မကျေနပ်တဲ့ တောင်သူ ၂၀၀ ခန့်က စစ်ကိုင်းတိုင်း၊ ကောလင်းမြို့မှာ ဒီနေ့ ဆန္ဒပြခဲ့ပါတယ်။

တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးတာတွေ လုပ်ခဲ့ပေမယ့် မပြေလည်တဲ့အတွက် ဆန္ဒပြရတာလို့ ဒီဆန္ဒပြပွဲကို ဦးဆောင်သူ တစ်ဦးဖြစ်တဲ့ ဦးဇော်မင်းက RFA ကို ပြောပါတယ်။

"တောင်သူတွေကို မြေဆီတွေ ချမပေးပဲနဲ့ အားကစားရုံထဲမှာလှောင်ထားတယ်။ အခုချိန်ကျ တောင်သူတွေက ၁၀၀ ရားခိုင်နှုန်းမှာ ၂၀ ရာခိုင်နှုန်းလောက်ပဲလိုတော့တာ။ နောက်ကျတဲ့လယ်တွေလောက်ပဲ လိုတော့တာ။ ဝယ်ပြီးဖြန်းရတာ။ ဒီအိတ်တွေ နောက်နှစ်မှဆိုရင် အိမ်ရောက်ရင်ထပ်ထားရုံပဲ"

၂၀၁၅ ခုနှစ်က ရေဘေးကြောင့် နစ်နာဆုံးရှုံးခဲ့တဲ့ တောင်သူတွေကို ကမ္ဘာ့ဘဏ်က မြေဆီတွေ ထောက်ပံ့ပေးရာမှာ တောင်သူတွေ မျှမျှတတ မရကြဘူးလို့ ဆန္ဒပြရာမှာ ပါဝင်တဲ့သူတွေက ပြောပါတယ်။

ထောက်ပံ့တာတွေ အချိန်မီရောက်မှသာ တောင်သူတွေ အကျိုးရှိမှာဖြစ်တယ်လို့ ဦးဇော်မင်းက ပြောပါတယ်။

ကသာမြို့ ဥက္ကံလမ်းကနေ လယ်ယာစိုက်ပျိုးရုံးရှေ့အထိ လမ်းလျှောက်ချီတက် ဆန္ဒပြခဲ့ကြပြီး တရားမျှတမှုမရှိတဲ့ စိုက်ပျိုးရေးဝန်ထမ်းများ အလိုမရှိ၊ တောင်သူတွေ တန်းတူညီမျှအခွင့်အရေး ရရှိရေး၊ မြေဆီတွေ ခွဲဝေပေးမှု မတရားတာကို ဖော်ထုတ်ပေးရေး စတဲ့အချက်တွေကို တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။