သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-09-25
စစ်ကိုင်းတိုင်း မုံရွာခရိုင် လက်ပံတောင်းတောင်ဒေသက ဒေသခံ ၄၀၀ ကျော်က ကြေးနီစီမံကိန်း လုပ်ငန်းဖော်ဆောင်ရေးကော်မတီဟာ ပွင့်လင်းမြင်သာမှု မရှိဘူးဆိုပြီး တုံရွာထိပ်ကနေ ဆည်တဲ၊ ဇီးတောရွာ သစ်ထိပ် အထိ ဒီနေ့ ချီတက်ဆန္ဒပြခဲ့ကြပါတယ်။
2013-09-25
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်စဉ်တွေမှာ အစိုးရ၊ လွှတ်တော်၊ လွှတ်တော်ပြင်ပ အင်အားစုတွေနဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေအားလုံး သဘောတူကျေနပ်တဲ့ နိုင်ငံရေးဖြစ်စဉ်တွေ လိုအပ်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ The Elders ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့က သုံးသပ်ကြောင်း ဒီနေ့တွေ့ဆုံခဲ့တဲ့ ၈၈ မျိုးဆက် ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်က RFA ကို ပြောပါတယ်။
2013-09-25
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ မနေ့က ငြိမ်းချမ်းရေးဂီတပွဲတော် ကျင်းပခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2013-09-25
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ အိမ်နီးချင်းထိုင်းနိုင်ငံက နာမည်ကြီး ရိုးရာအစားအသောက်တွေ ခေတ်စားလာနေပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်း တင်ပြထားပါတယ်။
2013-09-25
မန္တလေးတက္ကသိုလ်ဖြစ်လာခဲ့တဲ့ မန္တလေးကောလိပ်ကို ပထမဆုံးတည်ထောင်ခဲ့သူ စာရေးဆရာကြီး ဇေယျာမောင် (ခေါ်) ဆရာကြီး ဦးကိုလေး နှစ်တစ်ရာပြည့် အထိမ်းအမှတ်၊ ပုံတူကြေးရုပ်ထုဖွင့်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၃ ရက်၊ မနေ့က ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2013-09-25
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံ ငါးရက်ကြာ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ ရှေ့ဆက်အပြောင်းအလဲအတွက် လိုအပ်နေသေးတဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို ပြောသွားခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်သူက တင်ပြထားပါတယ်။
2013-09-25
မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အားပေး စက်ရုံတစ်ရုံ တည်ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ရေးကိစ္စ မနေ့က အတည်ပြုလိုက်ပါတယ်။
2013-09-25
မြန်မာနိုင်ငံအနေနဲ့ စင်္ကာပူဆီက လေ့လာသင်ယူရမှာဖြစ်ပေမဲ့၊ ပုံတူကူးချဖို့မဟုတ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ စင်္ကာပူခရီးစဉ် အဆုံးသတ်အနေနဲ့ ကျင်းပခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာပါ။
2013-09-24
ရန်ကုန်မြို့တော်ခန်းမရှေ့မှာ စက်တင်ဘာလ ၂၂ ရက်နေ့က သပိတ်စခန်းဖွင့်ဆန္ဒပြခဲ့တဲ့ ဟုန်ရှင်းအအေးခန်းစက်ရုံ အလုပ်သမားတွေဟာ ဒီနေ့ဒဂုံမြို့သစ်ဆိပ်ကမ်းက ကနောင်ခန်းမမှာ ဟုန်ရှင်းအလုပ်ရှင်ဘက်က ထုတ်ပေးတဲ့ နစ်နာကြေးတွေ သွားရောက်ထုတ်ယူခဲ့ကြပါတယ်။
2013-09-24
ရခိုင်ပြည်နယ် ကျောက်ဖြူကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်အထိ သွယ်တန်းထားတဲ့ ရွှေသဘာဝ ဓါတ်ငွေ့စီမံကိန်းနဲ့ ပတ်သက်ပြီး လူနေမှုဘဝ အကျိုးသက်ရောက်မှု စာတမ်းတစ်စောင်ထုတ်ပြန်ပြီး အစိုးရထံတင်ပြ သွားမယ်လို့ မြန်မာ-တရုတ် သဘာဝဓါတ်ငွေ့ ပိုက်လိုင်း စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။
2013-09-24
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ပြန်လည်ရေးဆွဲရေးဆိုတဲ့မူကို လက်မခံကြောင်း တိုင်းရင်းသား စည်းလုံးညီညွှတ်ရေးပါတီ (တစည) ဗဟိုကော်မတီဝင်တွေက ဒီနေ့ သဘောထား ထုတ်ပြန်လိုက်ပါတယ်။
2013-09-24
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို ထောက်ခံ အားပေးဖို့အတွက် The Elders လို့ခေါ်တဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာကြပါတယ်။
2013-09-24
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ ထိုင်းဝန်ကြီးချုပ် ယင်လပ်ရှင်နာဝါထရာ တို့ဟာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ ဒီနေ့တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံကုန်သွယ်ရေးနဲ့ ရင်နှီးမြုပ်နှံမှု ဆိုင်ရာကိစ္စတွေအပြင် လတ်တလော နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်နေတဲ့ နယ်စပ်ရေးရာကိစ္စတွေ ကို ဆွေးနွေးခဲ့ကြပါတယ်။
2013-09-24
မြန်မာနိုင်ငံမှာ အခုလပိုင်းအတွင်း ကျင်းပဖို့ရှိတဲ့ တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး အပြီးသတ်လက်မှတ်ရေးထိုးပွဲကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း၊ အမေရိကန် သမ္မတဟောင်းတွေဖြစ်ကြတဲ့ ဂျင်မီကာတာ၊ ဘီလ်ကလင်တန် စတဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးမှာ ဦးဆောင် ဦးရွက်နေပြုသူတွေကိုပါ လေ့လာသူတွေအဖြစ် တက်ရောက်ဖို့ ဖိတ်ကြားသွားမယ်လို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ပြောဆိုလိုက်ပါတယ်။
2013-09-24
မြန်မာ့နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးဖြစ် စဉ်တွေ မပြီးဆုံးသေးပေမယ့်၊ အခက်အခဲတွေကြားကနေ အပြောင်းအလဲတွေ ဖြစ်ပေါ်လာအောင် အရပ်ဘက် အဖွဲ့အစည်းတွေက ကြိုးစားနေကြတာဟာ လူမှုအဖွဲ့ အစည်းတွေရဲ့ စွမ်းပကားကို ပြသနေတယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောလိုက်ပါတယ်။