လျှပ်စစ်ဓါတ်အားပေးစက်ရုံ တည်ဆောက်ရေး ကမ္ဘာ့ဘဏ်ကူညီမည်


2013.09.25

မြန်မာနိုင်ငံက လျှပ်စစ်ဓါတ်အားပေးစက်ရုံတစ်ရုံ တည်ဆောက်ရေးအတွက် ကမ္ဘာ့ဘဏ်က ကူညီထောက်ပံ့ရေးကိစ္စ  မနေ့က အတည်ပြုလိုက်ပါတယ်။

မွန်ပြည်နယ်မှာ တည်ဆောက်မယ့် ဓါတ်အားပေးစက်ရုံအတွက် ကမ္ဘာ့ဘဏ်က အမေရိကန်ဒေါ်လာ သန်း ၁၄ဝ အတိုးမဲ့ချေးဖို့ ဘဏ်အမှုဆောင် ညွှန်ကြားရေးမှူးတွေက အတည်ပြုခဲ့ကြတာပါ။

မွန်ပြည်နယ်အတွင်း စရိတ်သက်သာတဲ့ ခေတ်မီဓါတ်အားပေးစက်ရုံ တည်ဆောင်ရေးဟာ မြန်မာနိုင်ငံ လျှပ်စစ်ဓါတ်အား ဖြန့်ဖြူးမှုတိုးချဲ့ရေးအစီအစဉ် တစိတ်တပိုင်းဖြစ်ပါတယ်၊ ဒီအတွက် ကမ္ဘာ့ဘဏ်က ကူညီမှာဖြစ်ပါတယ်၊ ဒီအကူအညီဟာ မြန်မာ့စွမ်းအင်ကဏ္ဍမှာ မှတ်တိုင်တစ်ခုလည်း ဖြစ်ပါတယ်လို့ ကမ္ဘာ့ဘဏ်ကဆိုပါတယ်။

မူလ တာဘိုင်စက်အဟောင်းတွေကို ဓါတ်ငွေ့သုံး ခေတ်မီတာဘိုင်စက်သစ်တွေနဲ့ အစားထိုးမှာဖြစ်ပါတယ်။ သုံးစွဲတဲ့ဓါတ်ငွေ့ပမာဏ တူညီပေမဲ့ တာဘိုင်စက်အသစ်တွေဟာ စက်အဟောင်းတွေထက် လျှပ်စစ်ဓါတ်အား ထုတ်လုပ်နိုင်စွမ်း ၂၅၀ ရာခိုင်နှုန်းပိုများပြီး၊ ကာဘွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုပမာဏ ပိုနည်းတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓါတ်အားသုံးစွဲနိုင်သူဦးရေဟာ အရှေ့တောင်အာရှမှာ အနည်းဆုံးဖြစ်ပြီး၊ ဓါတ်အားမသုံးစွဲနိုင်သူတွေက နိုင်ငံလူဦးရေရဲ့ ၇ဝ ရာနှုန်းကျော်ရှိနေပါတယ်။


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။