ကမ္ဘာ့ခေါင်းဆောင်ဟောင်းများ အဖွဲ့ မြန်မာနိုင်ငံကို ပထမဆုံးအကြိမ် လာရောက်
2013.09.24
မြန်မာနိုင်ငံက ပြုပြင်ပြောင်းလဲမှုတွေနဲ့ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ငြိမ်းချမ်းရေးဆောင်ရွက်မှုတွေကို ထောက်ခံအားပေးဖို့အတွက် The Elders လို့ခေါ်တဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းများအဖွဲ့က ကိုယ်စားလှယ်တွေ ဒီနေ့ မြန်မာနိုင်ငံကို ရောက်ရှိလာကြပါတယ်။
ဒီခရီးစဉ်ကို နိုဘယ်ငြိမ်းချမ်းရေးဆုရှင် အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာက ဦးဆောင်ပြီး ဖင်လန်သမ္မတဟောင်း နိုဘယ်ငြိမ်းချမ်းရေးဆုရှင် Martti Ahtisaari နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ အမှုဆောင်ဒါရိုက်တာဟောင်းဖြစ်တဲ့ နော်ဝေးဝန်ကြီးချုပ်ဟောင်း Gro Harlem Brundtland တို့ လိုက်ပါလာပါတယ်။
ခရီးစဉ်ဟာ ၃ ရက်ကြာမြင့်မှာဖြစ်ပြီး The Elders ကိုယ်စားလှယ်တွေဟာ မြန်မာအစိုးရ ထိပ်တန်းခေါင်းဆောင်တွေ၊ ဘာသာရေးနဲ့ နိုင်ငံရေးခေါင်းဆောင်တွေအပြင် လူမှုအခြေပြု အဖွဲ့အစည်းတွေ ၊ အမျိုးသမီး အဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံမှာဖြစ်တယ်လို့ အဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
The Elders အဖွဲ့ကို တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မင်ဒဲလားက ၂၀၀၇ မှာ စတင်တည်ထောင်ခဲ့ပြီး ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တေ၊ွ သြဇာတိက္ကမရှိတဲ့ ကမ္ဘာ့ခေါင်းဆောင်ဟောင်းတွေ ပါဝင်ပါတယ်။