သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-06-26
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အတွက် အဖမ်းခံခဲ့ထားရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ဇွန် ၂၆ ရက် စနေနေ့ ဒီနေ့မှာ ပြန်လွှတ်ပေးမယ်လို့ သတင်း တွေ ထွက်ပေါ်လာတာကြောင့် ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ပုသိမ် စတဲ့ မြို့တွေက အကျဉ်းထောင်တွေရှေ့မှာ မိသားစုဝင်တွေက လာစောင့်နေခဲ့ကြပါတယ်။
2021-06-26
ကယားပြည်နယ် လွိုင်ကော်မြို့ လောပိတလမ်းဘေးရှိ ဧက ၅၀၀ ရွာကို ဇွန်လ ၂၅ ရက် မနေ့ည ၉ နာရီခန့်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ ကြောင့် ရွာထဲက အိမ်တစ်လုံး ထိခိုက်ပျက်ဆီးခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
2021-06-26
ဇွန်လ ၂၅ ရက်နေ့ မနေ့က စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲမှာ စစ်ကောင်စီ တပ်သားတွေရဲ့ယာဉ်တန်း မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် အဲဒီ ပုလဲမြို့နယ်ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို စစ်ကောင်စီတပ်သား အလုံးအရင်းနဲ့ ဒီကနေ့ လာရောက်ဖျက်ဆီးသွားတယ်လို့ မျက်မြင်ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-06-26
ရွာလုံးကျွတ်နီးပါး မီးရှို့ခံခဲ့ရတဲ့ ပေါက်မြို့နယ် ကင်းမရွာက မီးဘေးဒုက္ခသည်တွေဟာ ပြန်လည်ထူထောင်ရေး လုပ်ဆောင်နိုင်ဖို့အတွက် ငွေကြေးအပါအဝင် တခြားလိုအပ်ချက်တွေ ရှိနေတယ်လို့ ကူညီကယ်ဆယ်ရေးတွေ လုပ်ပေးနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
2021-06-26
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ထဲက အခြေခံပညာကျောင်းတွေထဲက အာဏာဖီဆန်ရေး CDM လုပ် ထားတဲ့ ကျောင်းဆရာ၊ ဆရာမ ငါးယောက်တို့ဟာ တိုင်းရင်းသား နယ်မြေတစ်ခုမှာ ရောက်ရှိနေကြပြီး သူတို့တွေမှာ စားသောက်ရေး အခက်ခဲရှိနေတယ်ဆိုပေမယ့် စစ်အာဏာရှင် လက်အောက်ကိုတော့ ပြန်မသွားကြဘူးလို့ ပြောပါတယ်။
2021-06-26
ထောင်တွင်း ကြိုးပေးသတ်ဖြတ်ခံခဲ့ရတဲ့ ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးခြင်း ၄၅ နှစ်ပြည့်အထိမ်းအမှတ် အဖြစ် ရန်ကုန်၊ မန္တလေး အပါအဝင် မြို့တချို့မှာ ဒီကနေ့ ဆန္ဒပြလှုပ်ရှားခဲ့ကြပါတယ်။
2021-06-26
စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်က ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းဟာ ၂၀၂၁ ဇွန် ၂၆ ရက် ဒီနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။
2021-06-26
ဒီအပတ် RFA စကားဝိုင်းမှာ မန္တလေးမှာ ဇွန်လ ၂၂ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ PDF နဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ တိုက်ပွဲနဲ့ ဆက်စပ်ပြီး နိုင်ငံတဝန်း ပေါ်ပေါက်လာနိုင်တဲ့ မြို့ပြတိုက်ပွဲတွေအကြောင်း နားဆင်ရမှာဖြစ်ပါတယ်။
2021-06-25
အမျိုးသားညီညွတ်ရေးအစိုးရ NUG ဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို စနစ်တကျ မှတ်တမ်းတင်နေပြီး၊ နိုင်ငံတကာရာဇဝတ်မှု တရားရုံး ICC မှာ တရားစွဲဆိုဖို့ စီစဉ်နေတဲ့အကြောင်း NUG အစိုးရတာဝန်ရှိ သူတွေက မနေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောသွားပါတယ်။
2021-06-25
၁၉၇၄-၇၅နဲ့ ၇၆ ခုနှစ်တွေက ပေါ်ပေါက်ခဲ့တဲ့ အာဏာရှင်ဆန့်ကျင်ရေး ကျောင်းသား လှုပ်ရှားမှုတွေမှာ ခေါင်းဆောင်တဦး ဖြစ်ခဲ့တဲ့ ကိုတင်မောင်ဦး ကို မဆလစစ်အစိုးရ က အင်းစိန်ထောင်မှာ ကြိုးတင်သတ်ဖြတ်ခဲ့တာဟာ ဒီကနေ့ ဇွန်လ ၂၆ ရက်နေ့မှာ ၄၅ နှစ်ပြည့်ခဲ့ပါပြီ။
2021-06-25
မြန်မာစစ်အစိုးရခေါင်းဆောင်တွေနဲ့ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းတွေအပေါ် ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှု အသစ်တွေ တိုးမြှင့်ချမှတ်ဖို့၊ ဩစတြေးလျ လွှတ်တော်အမတ်တွေက အစိုးရကို ဖိအားပေးထားကြပါတယ်။
2021-06-25
ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့ နောက်ဆက်တွဲ အကျိုးဆက်အနေနဲ့ တစ်နိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ဆရာဝန်တွေ၊ သူနာပြုတွေ၊ မိခင်နဲ့ကလေး စောက်ရှောက်ရေးဌာနက သူနာပြုတွေ CDM လုပ်ပြီး စစ်ကောင်စီကို ဆန့်ကျင်နေတာကြောင့် ပုံမှန်လုပ်နေကျ အသက် ၅ နှစ်အောက် ကလေးငယ် ကာကွယ်ဆေးထိုးလုပ်ငန်းတစ်ခုလုံးနီးပါး ရပ်ဆိုင်းထားရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရှမ်းပြည်နယ်က သားဖွားမီးယပ်ဆရာမတစ်ဦးက ပြောပါတယ်။
2021-06-25
အာဏာသိမ်းပြီးနောက် စစ်တပ်ကိုဆန့်ကျင်လို့ မတရားအကြမ်းဖက် ဖမ်းဆီး သတ်ဖြတ်ခံရတဲ့သူတွေထဲမှာ LGBT လို့ခေါ်တဲ့ လိင်စိတ်ခံယူမှု ကွဲပြားတဲ့သူတွေ၊ အမျိုးသားကနေ အမျိုးသမီးအသွင် ပြောင်းလဲဝတ်ဆင်သူတွေလည်းပါပါတယ်။
2021-06-25
မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို အပြည် ပြည်ဆိုင်ရာတရားရုံး(ICC) မှာ တရားစွဲနိုင်ဖို့ သက်သေပေါင်း လေးသိန်းကျော်ရရှိ ထားပြီလို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာဆာဆာက ဒီနေ့ပြောဆိုလိုက်ပါတယ်။
2021-06-25
စစ်ကောင်စီက မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အပါအဝင် ခြောက်ဦးကို ဇွန် ၂၃ ရက်မှာ အဂတိမှုနဲ့ အမှုဖွင့်လိုက်တာကြောင့် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် အဂတိမှုနဲ့ အမှုဖွင့်ခံရသူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖွဲ့ဝင် ၁၆ ဦးအထိရှိလာပါတယ်။