တိုက်ကြီးမြို့နယ်ထဲက CDM ကျောင်းဆရာတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းချက်
2021.06.26
ရန်ကုန်တိုင်း တိုက်ကြီးမြို့နယ်ထဲက အခြေခံပညာကျောင်းတွေထဲက အာဏာဖီဆန်ရေး CDM လုပ် ထားတဲ့ ကျောင်းဆရာ၊ ဆရာမ ငါးယောက်တို့ဟာ တိုင်းရင်းသား နယ်မြေတစ်ခုမှာ ရောက်ရှိနေကြပြီး သူတို့တွေမှာ စားသောက်ရေး အခက်ခဲရှိနေတယ်ဆိုပေမယ့် စစ်အာဏာရှင် လက်အောက်ကိုတော့ ပြန်မသွားကြဘူးလို့ ပြောပါတယ်။
အဲဒီထဲက ကျောင်းဆရာ တစ်ယောက်ကို RFA က ဆက်သွယ်မေးမြန်းထားပါတယ်။