သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-05-28
ရဲဘက်စခန်းတွေက ကျောက်ထုတ်စခန်းတွေကို ပိတ်သိမ်းဖို့ကိစ္စကို ပြည်ထဲရေးဝန်ကြီးဌာနက သုံးသပ်ဆောင်ရွက်နေဆဲဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဥက္ကဌ ဦးဝင်းမြ က ဒီနေ့ ပြောပါတယ်။
2018-05-28
အိမ်အကူလုပ်ကိုင်ရင်း မတရားနှိပ်စက်ခံရသဖြင့် သေဆုံးသွားတဲ့ တွံတေးမြိုနယ်က မကရင်မရဲ့ အမှုနဲ့ ပတ်သက်လို့ အမှန်တရားပေါ်ပေါက်ရေးအတွက် ဝိုင်းဝန်ကူညီပေးမယ်လို့ မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်ရေးကော်မရှင်ကပြောပါတယ်။
2018-05-28
အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့ကို Pen American အဖွဲ့က ဖိတ်ကြားချက်အရ ရောက်ရှိလာတဲ့ ဧရာဝတီသတင်းဌာနက အကြီးတန်းသတင်းထောက်၊ ကိုလဝီဝမ်ဟာ မနှစ်က ရှမ်းပြည်မြောက်ပိုင်းမှာ ပလောင်လွတ်မြောက်ရေးတပ်ဦး TNLA အဖွဲ့က ပြုလုပ်တဲ့ မူးယစ်ဆေးဝါးဖျက်စီးတဲ့ အခမ်းအနားကို သတင်းသွားယူစဉ်မှာ မတရားသင်းဥပဒေ ၁၇-၁နဲ့ အဖမ်းခံရသူတဦးဖြစ်ပါတယ်။
2018-05-28
တပ်မတော်ဘက်က တိုင်းရင်းသားဒေသတွေမှာ တပ်မတော်က ထိုးစစ်ဆင်တာတွေ ရပ်တန့်ပေးဖို့နဲ့ တစ်ပြည်လုံး အပစ်အခတ်ရပ်စဲကြောင်း ကြေညာပေးဖို့ ကယားပြည်နယ်(ကရင်နီပြည်)၊ လွိုင်ကော်မြို့မှာ ၃ ရက်ကြာကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးလူထု နှီးနှောဖလှယ်ပွဲကနေ တောင်းဆိုလိုက်ပါတယ်။
2018-05-28
တိုက်ပွဲတွေကြောင့် ကချင်ပြည်နယ် တနိုင်းမြို့နယ် အောင်လော့ဒ်ကျေးရွာကနေ တောထဲမှာပုန်းနေတဲ့ ပြည်သူ ၆ဝ ကျော်ဟာ တနိုင်းမြို့နဲ့ မြစ်ကြီးနားမြို့တွေကို မနေ့က ရောက်ရှိလာကြတယ်လို့ တနိုင်းမြို့ RC ဘုရားကျောင်း Camp တာဝန်ခံ ဆရာ နော်တောင်က ပြောပါတယ်။
2018-05-28
တိုက်ပွဲတွေကြောင့် ပိတ်မိနေသူတွေ ကယ်ထုတ်နိုင်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြသူတွေထဲက ၃ ဦးကို အသေရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ တရားစွဲဆိုတဲ့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ဒုတိယ ဗိုလ်မှူးကြီး မျိုးမင်းဦးကို ဒီနေ့ မြစ်ကြီးနားမြို့နယ် တရားရုံးမှာ စတင်စစ်ဆေးပါတယ်။
2018-05-28
ဧရာဝတီတိုင်းဒေသကြီးအတွင်းက တရားမဝင် သစ်မှောင်ခိုလုပ်ငန်းတွေကို စုံစမ်းစစ်ဆေးဖို့ အတွက် တိုင်းဒေသကြီးလွှတ်တော်က ဦးဆောင်ကာ လာမယ့် ဇွန်လမှာ စုံစမ်းစစ်ဆေးမယ့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းသွားမယ်လို့ ဧရာဝတီတိုင်းလွှတ်တော်ဥက္ကဌ ဦးအောင်ကျော်ခိုင် က ပြောပါတယ်။
2018-05-28
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာဖြစ်နေတဲ့ လေဖိအားနည်းရပ်ဝန်းဟာ မနက်ဖြန်မှာ မုန်တိုင်းငယ်အဖြစ် အားကောင်းလာနိုင်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုမှာ မိုးကြီးနိုင်ကြောင်း မိုးလေဝသနဲ့ဇလဗေဒ ဒုတိယ ညွှန်ကြားရေးမှူးချုပ် က ပြောပါတယ်။
2018-05-28
မြန်မာပြည်အမြန်ဆုံးငြိမ်းချမ်းစေဖို့ ရည်ရွယ်ချက်နဲ့ ကက်သလစ်ဘာသာဝင် ခန့်မှန်း ၅ ထောင်လောက်က ဒီကနေ့ မြစ်ကြီးနားမြို့မှာ မယ်တော်ထမ်းစင်နဲ့အတူ စိပ်ပုတီးစိပ်ပြီး လှည့်လည်ဆုတောင်းခဲ့ကြပါတယ်။
2018-05-28
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းကို အပြီးတိုင်ရပ်ဆိုင်းပေးဖို့ အရပ်ဖက်လူမှုအဖွဲ့တွေ၊ ဒေသခံတွေက နေပြည်တော် သတ္တုတွင်းဦးစီးဌာန တာဝန်ရှိသူတွေနဲ့ ဒီကနေ့ တွေ့ဆုံစဉ် တောင်းဆိုလိုက်ပါတယ်။
2018-05-28
ပြီးခဲ့တဲ့ မေလ ၂၅ ရက်နေ့က နှုတ်ထွက်သွားတဲ့ စီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီး ဦးကျော်ဝင်းနေရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟိုစီးပွားရေးကော်မတီဝင်ဖြစ်တဲ့ ဦးစိုးဝင်းကို ခန့်အပ်ဖို့ နိုင်ငံတော်သမ္မတက ဒီနေ့ ပြည်ထောင်စုလွှတ်တော်ထံ အဆိုပြုတင်သွင်းလိုက်ပါတယ်။
2018-05-28
ရခိုင်ပြည်နယ် မောင်တောဒေသကိုရောက်နေတဲ့ ပြည်တွင်းပြည်ပဘာသာပေါင်းစုံ ကိုယ်စားလှယ်အဖွဲ့ဟာ ဒီနေ့မှာ ဝေသာလီကျေးရွာ ၊ တောင်ပြိုလက်ဝဲနဲ့ ငါးခူရ ကယ်ဆယ်ရေး စခန်းတွေကို သွားရောက်ခဲ့ပါတယ်။
2018-05-28
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း နေပြည်တော်မှာ ကျင်းပခဲ့တဲ့ နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ အလွတ်သဘောဆွေးနွေးပွဲက ရရှိလာတဲ့အချက်တွေကို အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့က ခေါင်းဆောင်တွေ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဒီနေ့ကစပြီး နှစ်ရက်ကြာ ပြန်လည်ညှိနှိုင်းဆွေးနွေးနေကြပါတယ်။
2018-05-27
တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့နယ်က ဘန်းချောင်း ကျောက်မီးသွေးစီမံကိန်းလုပ်ကွက်ကို ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုသတ္တုတွင်းဌာနက သက်တမ်းထပ်တိုးပေးတော့မှာ မဟုတ်ကြောင်း စီမံကိန်းကို ကန့်ကွက်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေထံ စာပေးပို့လိုက်ပါတယ်။
2018-05-27
လာမယ့် တတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပြည်ထောင်စုကနေ လုံးဝခွဲမထွက်ရေးဆိုတဲ့ သဘောတူညီချက်စာတမ်းမပါရင် တခြားကိစ္စတွေ ဆက်လက်ဆွေးနွေးဖို့ တပ်မတော်က လက်ခံမှာမဟုတ်ဘူးလို့ ပြောဆိုမှုတွေရှိနေတဲ့အတွက် ရှေ့ဆက်ညှိနှိုင်းဖို့ အတားအဆီး ဖြစ်နေတယ်လို့ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ မွန်ပြည်သစ်ပါတီ ဒုတိယ ဥက္ကဋ္ဌ က ပြောပါတယ်။