သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-27
မြန်မာကမ်းလွန်ပင်လယ်မှာ ရေနံနဲ့ သဘာဝ ဓါတ်ငွေ့ရှာဖွေဖို့ ကမ္ဘာကျော် Total, Chevron နဲ့ Shell ကုမ္ပဏီတွေ အပါအဝင် ကုမ္ပဏီ ၁၃ ခုကို လုပ်ပိုင်ခွင့်တွေပြု လိုက်ကြောင်း မြန်မာအစိုးရ စွမ်းအင်ဝန်ကြီးဌာန က ဗုဒ္ဓဟူးနေ့ မနေ့က ကြေညာလိုက်ပါတယ်။
2014-03-26
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ကို ရောက် ရှိနေတဲ့ ကမ္ဘာ့ရပ်မိရပ်ဖများအဖွဲ့ The Elders အဖွဲ့က ခေါင်းဆောင်တစ်ဦးဖြစ် သူ နော်ဝေနိုင်ငံ ဝန်ကြီးချုပ်ဟောင်း Mrs. Gro Harlem Brundtland က သူတို့အဖွဲ့ဟာ အစိုးရရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို ထောက်ခံကြောင်း ပြောပါတယ်။
2014-03-26
ဘင်္ဂလားဒေ့ရ်ှနိုင်ငံထုတ် Dhaka Tribune သတင်းစာပါ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီနေ့ ရန်ကုန်မြို့ ဘင်္ဂလားဒေ့ရ်ှသံရုံးရှေ့မှာ လူပေါင်း ၂ ထောင်ကျော်က ကန့်ကွက်ဆန္ဒပြခဲ့ကြသလို အိတ်ဖွင့်ပေးစာပေးခဲ့ပါတယ်။
2014-03-26
မကွေးတိုင်းဒေသကြီး ပခုက္ကူမြို့မှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဒေ သခံလူထုကို ဟောပြောခဲ့ကြတဲ့ ၈၈ မျိုးဆက် ပွင့်လင်းလူမှု အဖွဲ့အစည်းက ကျောင်းသားခေါင်းဆောင်တချို့ကို မြို့နယ် ရဲစခန်းက ဒီနေ့ ပုဒ်မ ၁၈ နဲ့ တရားစွဲလိုက်ပြီး အာမခံပေး လိုက်တယ်လို့ သိရပါတယ်။
2014-03-26
မကြာသေးခင်က ရခိုင်ပါတီ ၂ ပါတီ ပေါင်းစည်းလိုက်ပြီး အသစ်ဖွဲ့လိုက်တဲ့ ရခိုင်အမျိုးသားပါတီ ANP ဟာ ဒီနှစ်ကုန်ပိုင်းကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်မဲဆန္ဒနယ် ၃ နေရာမှာ ဝင်ရောက်ယှဉ်ပြိုင်မယ်လို့ ပါတီခေါင်းဆောင်တွေက ဒီနေ့ စစ်တွေမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
2014-03-26
တပ်မတော်ဟာ ပြည်သူလူထုလိုလား တဲ့ နိုင်ငံရေးစနစ်အပေါ်မှာ မားမား မတ်မတ် ရပ်တည်ပေးဖို့ လိုအပ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဒီကနေ့ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2014-03-26
ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော်ရဲ့ အခန်းကဏ္ဍ ရှိနေရဦးမှာဖြစ်သလို နိုင်ငံရေး ပြဿ နာတွေကို နိုင်ငံရေးနည်းနဲ့ ညှိနှိုင်းအဖြေရှာတဲ့ စားပွဲဝိုင်းတွေမှာလည်း တပ်မတော်ဟာ ဆက်လက် ပါဝင်နေဖို့ လိုအပ်ဆဲဖြစ်တယ်လို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြည်ထောင်စုလွှတ်တော်မှာ ပြောကြားတဲ့မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။
2014-03-26
ပြည်လုံးကျွတ် သန်းခေါင်စာရင်းကောက်ယူမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ကန့်ကွက်ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် မရတနာဦးက တင်ပြထားပါတယ်။
2014-03-26
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ပယ်ဖျက်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက မကွေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချို ဦးဆောင်တဲ့အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုဇော်တူးက မကွေးမြို့ကနေ ပေးပို့ထားပါတယ်။
2014-03-26
ညောင်ဦးမြို့မှာ မနေ့က ပြုလုပ်ခဲ့တဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လူထုဆန္ဒ ဖော်ထုတ်ပွဲကို ၈၈ မျိုးဆက် "ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း" ခေါင်းဆောင် ဦးကိုကိုကြီး တက်ရောက်စကားပြောခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-03-26
ကယားပြည်နယ်က အပစ်ရပ်အဖွဲ့ ၆ ဖွဲ့ စုပေါင်းထားတဲ့ "လူထုကျန်းမာရေးနဲ့ ဖွံ့ဖြိုးရေးကွန်ရက်" က ဦးဆောင်ပြီး အခမဲ့ နယ်လှည့်ကျန်းမာရေး ဆေးကုသပေးနေပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2014-03-26
မန္တလေးတိုင်း ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ဘယ်လင်းကျေးရွာမှာရှိတဲ့ "ကံကောင်းခြင်း ရတနာ" သစ်အချောထည်စက်ရုံမှာ အလုပ်ရှင်ဘက်က စာချုပ်ချိုးဖောက်တဲ့အတွက် အလုပ်သမားတွေ သပိတ်စခန်းဖွင့် ဆန္ဒပြနေကြပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်
2014-03-26
မကွေးတိုင်းပခုက္ကူမြို့မှာ အခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး အပါအဝင် နိုင်ငံပြုပြင်ပြောင်းလဲရေးဆိုင်ရာ အချက် ၆ ချက် တောင်းဆိုမယ့်ဆန္ဒပြပွဲကို ခွင့်ပြုဖို့ ဒေသခံကျောင်း သား ခေါင်းဆောင်ဟောင်းတွေက ခွင့်ပြုချက်တောင်း တာကို သက်ဆိုင်ရာက အကြိမ်ကြိမ်ပယ်ချနေတဲ့အတွက် ဆန္ဒပြမယ်ဆိုတဲ့ အကြောင်းကြားစာပဲပို့ပြီး ဆက်လက် ဆောင်ရွက်မယ်လို့ သိရပါတယ်။
2014-03-26
ဒီနေ့ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေး နောက်ဆုံးရက် မှာ သမ္မတဦးသိန်းစိန် တက်ရောက်ပြီး မိန့်ခွန်းပြောမယ်လို့သိရပါတယ်။ဒီကိစ္စနဲ့ ပတ်သက်လို့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုအခု လိုပြောပါတယ်။
2014-03-26
မြန်မာအစိုးရအနေနဲ့ ရိုဟင်ဂျာ မွတ်စလင်တွေကို တိုင်းရင်းသား လူမျိုးစုတစ်ခုအဖြစ် အသိအမှတ်ပြုဖို့နဲ့ မြန်မာအစိုးရရဲ့ တိုင်းရင်းသား လူနည်းစုတွေအပေါ် ခွဲခြားဆက်ဆံတဲ့ မူဝါဒတွေ ပယ်ဖျက်ရေးအတွက် အမေရိကန်အစိုးရက ဦးစားပေးဆောင်ရွက်ဖို့ အမေရိကန်အောက်လွှတ်တော် နိုင်ငံခြားရေးကော်မတီမှာ မနေ့က ဆွေးနွေးခဲ့ပါတယ်။