လွှတ်တော်မှာ သမ္မတ မိန့်ခွန်းပြောမည်
2014.03.26

ဒီနေ့ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်အစည်း အဝေး နောက်ဆုံးရက်မှာ သမ္မတဦးသိန်းစိန် တက်ရောက်ပြီးမိန့်ခွန်းပြောမယ်လို့ သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ NLD လွှတ်တော်ကိုယ်စားလှယ် ဦးမင်းသူက RFA ကိုအခုလိုပြောပါတယ်။
"အစီအစဉ် ၅ မှာပါတာက သမ္မတက တာဝန် ထမ်းဆောင်မှုသက်တမ်း သုံးနှစ်ပြည့် အထိန်း အမှတ်အဖြစ် ပြည်ထောင်စုလွတ်တော်ကို မိန့်ခွန်းပြောကြားခြင်း သုံးနှစ်ပြည့်ပေါ့လေ၊ အဲ့ဒ ီအစီအစဉ်နဲ့ နိုင်ငံတော် သမ္မတ ပြည်ထောင် စုလွှတ်တော်မှာ မိန့်ခွန်းပြောကြားမယ်လို့ပြောတာ"
အခုလို သမ္မတကလွှတ်တော်မှာ မိန့်ခွန်းပြောမယ့် ကိစ္စနဲ့ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ် တချို့ရဲ့ထင်မြင်ချက်ကို မေးကြည့်တော့ အစိုးရအဖွဲ့ နဲ့ လွှတ်တော်ကြား လုပ်ငန်းဆောင်ရွက်မှုတွေ ပိုမိုချိပ်ဆက် နိုင်ပြီး သဟဇာတဖြစ်အောင် တိုက်တွန်းပြောဆိုနိုင်ဖွယ်ရှိတယ်လို့ အမည်မဖေါ်လိုတဲ့ ကိုယ်စားလှယ်တချို့က ဆိုပါတယ်။
မနက်ဖြန်ကျရောက်မယ့် တော်လှန်ရေးနေ့အတွက် ညစာစားပွဲကိုလည်း လွှတ်တော်က ရေးရာကော်မတီတွေရဲ့ ဥက္ကဌတွေအပြင် အခြားပုဂ္ဂိုလ်တွေကိုလဲ ဖိတ်ကြားထားတယ်လို့ သိရပါတယ်။