အခြေခံဥပဒေ ပြင်ဆင်ရေး- မကွေးမြို့
2014.03.26
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး၊ ပုဒ်မ ၅၉ (ဃ) နဲ့ (စ) ပယ်ဖျက်ရေးအတွက် ဒီကနေ့ မနက်ပိုင်းက မကွေးမြို့မှာ ဆန္ဒပြခဲ့ကြပါတယ်။ ဒီဆန္ဒပြပွဲမှာ ၈၈ မျိုးဆက်အဖွဲ့က ကိုပြုံးချို ဦးဆောင်တဲ့အဖွဲ့လည်း ပါဝင်ခဲ့ပါတယ်။ အပြည့်အစုံကို RFA သတင်းထောက် ကိုဇော်တူးက မကွေးမြို့ကနေ ပေးပို့ထားပါတယ်။