သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2024-02-26
တိုက်ပွဲကာလအတွင်း ကော့ကရိတ် မြို့ပေါ် ရပ်ကွက် ခုနစ်ခုက ဒေသခံ လူသုံးသောင်းကျော် စစ်ဘေးရှောင်နေရပြီး စားသောက်စရာနဲ့ နေရာထိုင်ခင်း ခက်ခဲနေတယ်လို့ ဆိုပါတယ်။
2024-02-26
ဒီထောက်ပံ့ငွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေအပါအဝင် ဒေသခံလူပေါင်း ငါးသိန်းအတွက် အထောက်အပံ့ဖြစ်မယ်လို့ ဆိုပါတယ်။
2024-02-26
မြန်မာ၊ ယူကရိန်း၊ ဂါဇာ၊ ကွန်ဂိုနဲ့ ဆူဒန်မှာဖြစ်နေတဲ့ ပဋိပက္ခတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က အဓိကထားထောက်ပြခဲ့တာဖြစ်ပါတယ်။
2024-02-26
အာဏာရှင်စနစ်ဖျက်သိမ်းရေး ပါဝင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေကို ပြစ်တင်ဝေဖန်နေမဲ့အစား မြန်မာပြည်ဒီမိုကရေစီရရှိရေး လိုလားသူတိုင်း တတ်နိုင်သမျှ ပါဝင်ကူညီရမဲ့အချိန်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။
2024-02-26
ရန်ကုန်ကနေ ရခိုင်ကိုပြန်တဲ့ လူငယ် တစ်ရာကျော်ကို စစ်ကောင်စီက ဖေဖော်ဝါရီ ၂၀ ရက်နေ့က ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် ဒီနေ့အထိ အဆက်အသွယ်မရဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။
2024-02-26
ဘုတလင်မြို့မှာ ဈေးထွက်ဝယ်တဲ့ ရဲတပ်သားတစ်ဦး ပစ်သတ်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့မဈေးကိုမီးရှို့ပြီး သေနတ်နဲ့ပါ ပစ်ခတ်ခဲ့တာကြောင့် ဘုန်းကြီးတစ်ပါးနဲ့ ဒေသခံ ငါးဦး သေနတ်ကျည်ဆန် ထိမှန်ဒဏ်ရာရခဲ့ပါတယ်။
2024-02-26
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးကြောင့် အရပ်သား ခုနစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2024-02-26
ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေနဲ့ နိုင်ငံတကာကျောင်း (International School) တွေမှာ နေ့တိုင်း နိုင်ငံတော်အလံ အလေးပြုပြီး နိုင်ငံတော်သီချင်း ဆိုရမယ်လို့ စစ်ကောင်စီရဲ့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးက ပြောခဲ့ပါတယ်။
2024-02-26
ရန်ကုန်တိုင်း မှော်ဘီမြို့နယ်၊ ဝါးနက်ချောင်းစံပြကျေးရွာမှာ လူကြီးလူငယ်မရွေး အလုပ်ဝင်လုပ်နိုင်တဲ့ မြက်တံမြက်စည်းအလုပ်ရုံတစ်ရုံ ရှိပါတယ်။
2024-02-26
ဖားကန့် ကျောက်စိမ်းမှော်ကို KIA ရော၊ စစ်ကောင်စီကပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပြီး ၂၀၂၄ နှစ်ဆန်းပိုင်းကစလို့ တိုက်ပွဲတွေ ပိုပြင်းထန်နေပါတယ်။
2024-02-26
အာဏာသိမ်း သုံးနှစ်ကျော်အတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီး ၇၅၄ ဦးအထိ သေဆုံးခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ထုတ်ပြန်ထားပါတယ်။
2024-02-25
တောင်တွင်းကြီးမြို့နယ် (NLD) ပါတီရဲ့ တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုကိုကို စစ်ကောင်စီက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေတွေနဲ့ ထပ်တိုး တရားစွဲထားပါတယ်။
2024-02-25
ရှမ်းပြည်နယ် တောင်ပိုင်းမှာဖြစ်နေတဲ့ စစ်ကောင်စီတပ်နဲ့ (PNLA) တို့ တိုက်ပွဲ တစ်လကျော်အတွင်း အရပ်သား အယောက်လေးဆယ် သေဆုံးခဲ့တယ်လို့ (PYO) က သတင်းထုတ်ပြန်ပါတယ်။
2024-02-25
ကျောက်ကြီးမြို့နယ် ဘုရားကြီးရွာအနီးကို ဖေဖော်ဝါရီလ ၂၅ ရက်မနေ့က တစ်ရက်တည်းမှာပဲ စစ်ကောင်စီတပ်က လေကြောင်းနဲ့ (၁၆) ကြိမ် တိုက်ခိုက်ခဲ့တာကြောင့် ဒဏ်ရာရသူအချို့နဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုရှိတယ်လို့ ကျောက်ကြီးဒေသခံတွေက ပြောပါတယ်။
2024-02-25
တိုက်ပွဲပြင်းထန်နေတဲ့ ရမ်းဗြဲမြို့ကို လေကြောင်းနဲ့ စစ်ကူလာတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အလောင်း ခြောက်ဆယ်ကျော်နဲ့ လက်နက်ခဲယမ်း အများအပြားသိမ်းဆည်းရမိခဲ့တယ်လို့ ရက္ခိုင့်တပ်တော် (AA) က သတင်းထုတ်ပြန်ပါတယ်။