သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-02-23
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက် မှုတွေ အကူအညီပေးနေတဲ့ နယ်စည်း မထား ဆရာဝန်များအဖွဲ့ MSF ကို ရခိုင်ပြည်နယ်ကနေ ချက်ချင်းထွက်ခွာသွားပေးဖို့ ရာနဲ့ချီ တဲ့ဒေသခံတွေက စစ်တွေမြို့မှာရှိတဲ့ MSF ရုံးခွဲရှေ့မှာ ဒီကနေ့ ဒုတိယမြောက်နေ့အဖြစ် တောင်းဆိုဆန္ဒပြခဲ့ကြ ပါတယ်။
2014-02-23
၂၀၀၈ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော်သမ္မတ အရည်အချင်း သတ်မှတ်ချက်ဖြစ်တဲ့ ပုဒ်မ ၅၉(စ) ပယ်ဖျက်ပေးရေး၊ အခြေခံ ဥပဒေ ပြင်ဆင်ရေး ပုဒ်မ ၄၃၆ ကို ပယ်ဖျက်ပေးရေးအတွက် လူအင်အား ၃၀၀ လောက်ဟာ ဒီနေ့မနက် ၆ နာရီက ရန်ကုန်တိုင်း၊ ထောက်ကြံ့မြို့ ဇိနမာန်အောင်ဘုရားရှေ့ကနေ ကျိုက်ကလော့ ဘုရားရှေ့ အထိ လမ်းလျှောက်ဆန္ဒပြ တောင်းဆိုကြပါတယ်။
2014-02-23
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်သူတွေ လိုလားတဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖြစ်လာ ဖို့ ပြည်ထောင်စု လွှတ်တော်မှာ နေရာအများစု ရထားတဲ့ တပ်မတော်သား လွှတ်တော်ကိုယ် စားလှယ်တွေနဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်တွေက လွှတ်တော် တွင်းမှာ ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင် တစ်ဦးဖြစ်သူ ကိုမင်းဇေယျာက ဒီနေ့ လူထုဟောပြောပွဲမှာ တိုက်တွန်းလိုက်ပါတယ်။
2014-02-22
၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးမှာ ဥပဒေ တချို့ ပြောင်းလဲလို့မရအောင် ချုပ်ကိုင်ထားတဲ့ ပုဒ်မ ၄၃၆ နဲ့ ပတ်သက် ပြီး ဆွေးနွေးဟောပြောပွဲတစ်ရပ်ကို ဒီကနေ့ ဖေဖေါ်ဝါရီလ ၂၃ ရက် မနက် ၉ နာရီကစပြီး ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ဗိုလ်စိန်မှန် အားကစားကွင်းမှာ ကျင်းပမယ်လို့ သိရပါတယ်။
2014-02-22
တနင်္သာရီတိုင်းဒေသကြီး၊ ကန်ဘောက်ဒေသမှာ သဘာဝဓာတ်ငွေ့ ထုတ်လုပ်နေတဲ့ ကုမ္ပဏီတွေဖြစ်တဲ့ Total၊ Petronas နဲ့ PTTEP ကုမ္ပဏီ ၃ ခုကို ကန်ဘောက်ဒေသ က ကျေးရွာ ၂၀ နီးပါးက ထောင်နဲ့ချီတဲ့ ဒေသခံတွေ ဟာ ကျေးရွာချင်းဆက်လမ်းတွေ ပြုပြင်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-02-22
ကချင်ပြည်နယ်က စစ်ဘေးဒုက္ခသည် အိမ်ထောင်စုငါးထောင်အတွက် ထောက် ပံ့ရေးပစ္စည်းတွေကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ကြက်ခြေနီအသင်းက တရုတ်မြန်မာနယ်စပ် ဝိုင်းမော်မြို့နယ် ကန်ပိုက်တီးမြို့မှာ ကချင်ပြည်နယ် အစိုးရအဖွဲ့နဲ့ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက တာဝန်ရှိ သူတွေကို ဒီနေ့မနက်ပိုင်းက လွှဲပြောင်းလှူဒါန်းလိုက် ပါတယ်။
2014-02-22
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (ဆိပ်ကမ်း)မြို့နယ်၊ အမှတ် ၆၇ ရပ်ကွက်က ရာနဲ့ချီတဲ့ ဒေသခံတွေဟာ သူတို့နေထိုင်နေတဲ့ ကျူးကျော်တဲတွေ မဖျက်သိမ်းဖို့နဲ့ တရားဝင်မြေကွက်တွေ ချထားပေးဖို့ ဒီကနေ့ မြို့တော် ခန်းမရှေ့မှာ ဆန္ဒပြတောင်းဆိုကြပါတယ်။
2014-02-22
ရခိုင်ပြည်နယ်မှာ ကျန်းမာရေးစောင့်ရှောက်မှု အကူအညီတွေပေးနေတဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့ MSF ရခိုင်ပြည်နယ်ကနေ ထွက်ခွာသွားဖို့ စစ်တွေမြို့ MSF ရုံးရှေ့မှာ ရာနဲ့ချီတဲ့ ရခိုင်တိုင်းရင်းသားတွေက ဒီကနေ့ တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။
2014-02-22
လက်ရှိအစိုးရက အကောင်အထည်ဖေါ်နေတဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေ အမျိုးသား ပြန်လည် စည်းလုံးညီညွတ်ရေး တည်ဆောက်မှု အောင်မြင် မှသာ အနာဂတ်မှာ လွတ်လပ်ပွင့်လင်းပြီး သာယာဝပြောတဲ့ လူ့အဖွဲ့အစည်းတစ်ရပ်အဖြစ် တက်လှမ်းနိုင်မှာဖြစ်ကြောင်း နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ ပြောလိုက်ပါတယ်။
2014-02-22
ကယားပြည်နယ်က တိုင်းရင်းသားလူငယ်တွေရဲ့ ပညာရေးရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို လွိုင်ကော်မြို့မှာ မနေ့ညက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေသွေးက တင်ပြထားပါတယ်။
2014-02-22
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ထားတဲ့ "ထားဝယ် တိုင်းရင်းသားများ ပါတီ" ရဲ့ ဌာနချုပ်ရုံးခန်း ဖွင့်ပွဲအခမ်းအနားကို ထားဝယ်မြို့ အိုးလုပ်ရပ်ကွက်မှာ ဒီနေ့မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုကျော်ထွန်းနိုင်က တင်ပြထားပါတယ်။
2014-02-22
သောကြာနေ့တိုင်း RFA TV က ထုတ်လွှင့်နေတဲ့ မှတ်မှတ်သားသား စကားများ အစီအစဉ် ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဒုဝန်ကြီး ဦးရဲထွဋ်၊ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်ကိုကိုကြီး၊ သစ်ရာကောက်ရွာသားတစ်ဦးရဲ့ ပြောကြားချက် စတာတွေကို စုစည်းတင်ပြထားပါတယ်။ ဒီအစီစဉ်ကို သောကြာနေ့ညတိုင်း RFA ရေဒီယိုနဲ့ ရုပ်သံ TV အစီအစဉ်တွေမှာ တစ်ရက်ထဲ ထုတ်လွှင့်နေတာဖြစ်ပါတယ်။
2014-02-22
၁၃ဝဝ ပြည့် အရေးတော်ပုံ ၇၅ နှစ်မြောက်၊ စိန်ရတုအထိမ်းအမှတ် အခမ်းအနားကို မန္တလေးမြို့က နှစ်ပေါင်းများစွာ ပိတ်ပင်ခံထားရတဲ့ အာဇာနည်ဗိမာန်မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။ RFA သတင်းထောက် ကိုနေမျိုးထွန်းက တင်ပြထားပါတယ်။
2014-02-21
မြန်မာနိုင်ငံမှာ တရားမဝင် စီတန်း လှည့်လည်မူ ပုဒ်မ ၁၈ ကို လွှတ်တော် က ပြင်ဆင်တယ်ဆိုတာမှာ စတိလောက်သာပြင်တာဖြစ် လို့ မြန်မာအာဏာပိုင်တွေအနေနဲ့ လူ့အခွင့်အရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမူတွေ လုပ်နေပါတယ်လို့ ပြော ဆိုနေမူအပေါ်မှာ မေးခွန်းထုတ်ရမှာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International က မနေ့က ကြေညာချက်ထုတ်ပြန် လိုက်ပါတယ်။
2014-02-21
သမ္မတဦးသိန်းစိန်ဟာ စီးပွားရေး လုပ်ငန်းရှင်တွေ၊ စီးပွားရေး အသင်း အဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ မနက်ဖြန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်အဆောက်အအုံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။