သမ္မတ ဦးသိန်းစိန်နဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ ရန်ကုန်မှာ တွေ့ဆုံမည်
2014.02.21

သမ္မတဦးသိန်းစိန်ဟာ စီးပွားရေးလုပ်ငန်းရှင်တွေ၊ စီးပွားရေး အသင်းအဖွဲ့တွေက ကိုယ်စားလှယ်တွေနဲ့ မနက်ဖြန် ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှာ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ လွှတ်တော်အဆောက် အအုံမှာ တွေ့ဆုံဆွေးနွေးဖို့ရှိပါတယ်။
မြန်မာနိုင်ငံ ပုဂ္ဂလိကစီးပွားရေးလုပ်ငန်းတွေ ပိုမိုအားကောင်းလာစေဖို့အတွက် အခုလိုတွေ့ဆုံ မှာဖြစ်ပြီး၊ အဓိကအားဖြင့် စီးပွားရေးလုပ်ငန်းတွေ မှာ တွေ့ကြုံနေရတဲ့ အခက်အခဲနဲ့ မူဝါဒတွေကို အစိုးရနဲ့ ပုဂ္ဂလိကလုပ်ငန်းရှင်တွေအကြား ညှိုနှိုင်း အဖြေရှာ ဆောင်ရွက်နိုင်အောင်ဖြစ်တယ် လို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း UMFCCI အဖွဲ့ရဲ့ ဥက္ကဌ ဦးဝင်းအောင်က RFA ကိုပြောပါတယ်။
"မနက်ဖြန် ကျနော်တို့ ဝိုင်းဝန်းဆွေးနွေးကြမှာပေါ့နော်၊ အဲဒီအပြင် ရေရှည်မှာ strategy ညှိနှိုင်းဖြေ ရှင်းနိုင်ဖို့ဆိုရင် ခိုင်ခိုင်မာမာ တည်ဆောက်ပြီးတော့မှ အကောင်အထည်ဖော်မှုတွေ၊ ဖြေရှင်းဆောင် ရွက်မှုတွေ၊ ပူးပေါင်းဆောင်ရွက်မှုတွေ ဒါတွေလုပ်ဖို့အတွက်လည်း ကျနော်တို့ဘက် တင်ပြဖို့ရှိပါတယ်၊ ထိထိရောက်ရောက်နဲ့ ဒီပုဂ္ဂလိကပိုင်းရဲ့ အမြင်၊ တင်ပြချက်၊ လိုအပ်ချက်တွေကို နိုင်ငံတော် သမ္မတကြီး ကိုယ်တိုင် ကြားနာပြီးတော့မှ လိုအပ်တာတွေကို ဖြည့်ဆည်းပေးမယ့် အစည်းအဝေးဖြစ်ပါတယ်"
တွေ့ဆုံပွဲကို UMFCCI အဖွဲ့နဲ့အတူ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်၊ ကုန်ပစ္စည်း အမျိုးအစားအလိုက် အသင်းအဖွဲ့ ၄၀ ကျော်က ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း လူဦးရေ ၅၀၀ နီးပါးလောက် တက်ရောက်ဖို့ရှိတယ်လို့ လည်း UMFCCI ဉက္ကဌက ပြောပါတယ်။
UMFCCI ဥက္ကဌ ဦးဝင်းအောင်ကို RFA အဖွဲ့သူ မသင်းသီရိ ဆက်သွယ်မေးမြန်းထားတာ နာဆင်နိုင်ပါတယ်။