သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-10-27
စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်ထဲကို အောက်တိုဘာလ ၂၆ ရက်မနေ့က ဆန်တက် လာတဲ့ စစ်ကောင်စီတပ်သားတွေရဲ့ ရိက္ခာတင် သင်္ဘောသုံးစီးကို ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ချောင်းဦး PDF က ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
2021-10-27
မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ် သိပ္ပံလမ်းမှာရှိတဲ့ ကုန်းလမ်းပို့ဆောင်ရေးနဲ့ ညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးရှေ့မှာ အောက်တိုဘာလ ၂၇ ရက်နေ့ မနက် ၁၁ နာရီခန့်က ဗုံးပေါက်ကွဲပြီး ထိခိုက်ဒဏ်ရာရသူအချို့ရှိသလို ရပ်ထားတဲ့ ဆိုင်ကယ်တွေလည်း မီးလောင်ပျက်စီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။
2021-10-27
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်ထဲက ရွာအချို့ကို အောက်တိုဘာလ ၂၆ ရက် မနေ့ကစပြီး စစ်ကောင်စီတပ်သားတွေ အင်အားအများအပြားနဲ့ ၀င်ရောက်လာ တာကြောင့် ရွာငါးရွာထက်မနည်းက ဒေသခံ ၅၀၀၀ ကျော် ညတွင်းချင်း ထွက်ပြေး ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2021-10-27
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က ၁၀၅ မိုင် အထူးကုန်သွယ်ရေးဇုန် အပြင်ဘက်အခြမ်းက ဆိုင်ခန်းအချို့ အောက်တိုဘာလ ၂၇ ရက် ဒီနေ့မနက်အစောပိုင်း ၁၂ နာရီခွဲချိန်ခန့် မီးစတင်လောင်ကျွမ်းခဲ့ပါတယ်။
2021-10-27
စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ကောလင်း - ရွှေဘို - မြစ်ကြီးနားလမ်းပိုင်းမှာ အောက်တိုဘာလ ၂၅ ရက်နေ့က တရားမဝင်သစ်တွေတင်လာတဲ့ ၁၂ ဘီးကား တစ်စီးကို တွေ့ရှိတာကြောင့် ဖမ်းဆီးပြီး မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
2021-10-26
၁၉၉၀ ရွေးကောက်ပွဲအနိုင်ရပုဂ္ဂိုလ်လည်းဖြစ်၊ အဝေးရောက်ညွန့်ပေါင်းအစိုးရ NCGUB အဖွဲ့မှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ်လည်း နှစ်ပေါင်းများစွာ ဆောင်ရွက်ခဲ့တဲ့ ဦးဘိုလှတင့်ကို NUG အစိုးရက အာဆီယံဆိုင်ရာသံတမန်အဖြစ် အောက်တိုဘာလ ၂၄ ရက်နေ့က ခန့်အပ်လိုက်ပါတယ်။
2021-10-26
စစ်တပ် အုပ်ချုပ်မှုအောက်မှာ အဘက်ဘက်က ဆုတ်ယုတ်လာနေတဲ့ မြန်မာနိုင်ငံမှာ စာသင်ခန်းတွေနဲ့ ဝေးကွာနေတဲ့ လူငယ်တွေရဲ့ မျှော်လင့်ချက် အိပ်မက်တွေကရော ဘယ်လို ရှိပါသလဲ... ။
2021-10-26
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မြန်မာနိုင်ငံတဝန်းလုံးမှာ လျှပ်စစ်ရထားတွေနဲ့ လျှပ်စစ်ကားတွေနဲ့ ပြေးဆွဲရမှာဖြစ်တယ်လို့ အောက်တိုဘာလ ၂၅ ရက်နေ့က နေပြည်တော် အစည်းအဝေးမှာ ပြောဆိုခဲ့ပါတယ်။
2021-10-26
အောက်တိုဘာလ၂၆ ရက်နေ့က စတင်တဲ့ အာဆီယံထိပ်သီးညီလာခံမှာ မြန်မာမပါဘဲ အာဆီယံ ကိုးနိုင်ငံက ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယနဲ့ တောင်ကိုရီးယား စတဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ အစည်းအဝေးတွေလည်း ကျင်းပခဲ့ကြပါတယ်။
2021-10-26
ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ချက်ပြုတ်စရာ ကုန်စိမ်းနဲ့ ကုန်ခြောက်တွေကို လက်တွန်းလှည်းနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချသူတွေ များပြားလာတာ တွေ့ရပါတယ်။
2021-10-26
အာဆီယံထိပ်သီးအစည်းအဝေးကို မြန်မာနိုင်ငံ မတက်ရောက်တာဟာ အာဆီယံ အပေါ် မကျေနပ်တဲ့အတွက် သပိတ်မှောက်တာ မဟုတ်ဘဲ အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံရဲ့ ရသင့်တဲ့အခွင့်အရေးကို တောင်းဆိုတာသာ ဖြစ်တယ်လို့ စစ်ကောင်စီက ပြောလိုက်ပါတယ်။
2021-10-26
မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မြန်မာကိုယ်စားလှယ် တစ်ဦးမှ မပါဝင်တဲ့ အရှေ့တောင် အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်းအဝေးကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ ဒီနေ့စတင်ကျင်းပနေပါတယ်။ အာဆီယံအဖွဲ့ရဲ့ သမိုင်းမှာလည်း အခုလို အဖွဲ့ဝင်နိုင်ငံတစ်ခုကို ချန်လှပ်ပြီး ထိပ်သီးအစည်းအဝေးကျင်းပတာ ထူးခြားဖြစ်စဉ်တစ်ခုဖြစ်ပါတယ်။
2021-10-26
နေပြည်တော်၊ မန္တလေးမြို့ကြီးတွေ အပါအဝင် တိုင်းနဲ့ ပြည်နယ်အသီးသီးက မြို့အချို့မှာ စစ်ကောင်စီ ထောက်ခံပွဲတွေကို မနေ့ကစပြီး ပြုလုပ်နေကြပါတယ်။
2021-10-26
မြန်မာ - တရုတ်နယ်စပ်၊ မူဆယ်မြို့နယ် ပန်ခမ်းရွာအနားမှာ တရုတ်ဘက်က ယာယီခြံစည်းရိုးကျုးကျော်ပြီး လာကာထားတာကြောင့် အောက်တိုဘာလ ၂၅ ရက် မနေ့မှာပဲ ဖယ်ရှားလိုက်တယ်လို့ ပန်ခမ်းရွာသားတွေက RFA ကို ပြောပါတယ်။
2021-10-26
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အာဆီယံနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အတွက် အာဆီယံဆိုင်ရာ သံအမတ်ကြီးအဖြစ် ဦးဘိုလှတင့်ကို အောက်တိုဘာလ ၂၄ ရက်နေ့မှာပဲစပြီး ခန့်အပ်တာဝန်ပေးလိုက်ကြောင်း ဒီကနေ့မှာပဲ NUG က သတင်းထုတ်ပြန်ပါတယ်။