ပန်ခမ်းရွာက တရုတ်ရဲ့ နယ်မြေကျော် ခြံစည်းရိုးကို ရွာသားတွေ ဖယ်ရှား

2021.10.26
ပန်ခမ်းရွာက တရုတ်ရဲ့ နယ်မြေကျော် ခြံစည်းရိုးကို ရွာသားတွေ ဖယ်ရှား ရှမ်းပြည်နယ် လောက်ကိုင်မြို့မှာ တရုတ်နိုင်ငံက ခတ်ထားတဲ့ ခြံစည်းရိုးကို တွေ့ရစဥ်
Photo: CJ
မြန်မာ - တရုတ်နယ်စပ်၊ မူဆယ်မြို့နယ် ပန်ခမ်းရွာအနားမှာ တရုတ်ဘက်က ယာယီခြံစည်းရိုးကျုးကျော်ပြီး လာကာထားတာကြောင့် အောက်တိုဘာလ ၂၅ ရက် မနေ့မှာပဲ ဖယ်ရှားလိုက်တယ်လို့ ပန်ခမ်းရွာသားတွေက RFA ကို ပြောပါတယ်။
 
ရွာသားတွေ သီးနှံစိုက်ဖို့ ခြံသွားရှင်းချိန်မှာ ရွာမြေဧရိယာထဲ ပေ ၃၀ ကျော် ကျုးကျော်ပြီး ခြံစည်းရိုး လာကာ ထားတာကို တွေ့တာကြောင့် အခုလိုဖျက်ဆီးလိုက်တာလို့ ပန်ခမ်းရွာသား အိုက်မွမ်းက ပြောပါတယ်။
 
လူဝင်လူထွက်လုပ်လို့ မရအောင်ဆိုပြီး တရုတ်ဘက်က ယာယီခြံစည်းရိုးကို ပေနှစ်ဆယ်ကျော်အထိ ကာထားပြီးဖြစ်တယ်လို့ အိုက်မွမ်းက ဆိုပါတယ်။
 
ပန်ခမ်းရွာဟာ တရုတ်နိုင်ငံ ကျယ်ဂေါင်မြို့နဲ့ ဆက်စပ်နေတာကြောင် တရုတ်ရဲ့ နယ်မြေကျူးကျော်မှုနဲ့ ပတ်သက်ပြီး မကြာခဏပြဿနာဖြစ်လေ့ရှိသလို အခု တစ်ကြိမ်နဲ့ဆိုရင် လေးကြိမ်ရှိပြီဖြစ်ပါတယ်။
 
ပြီးခဲ့တဲ့ ဩဂုတ်လထဲမှာလည်း နမ့်ခမ်းမြို့နယ် ဟက်ဟင်ရွာက ရွာမြေ ၀.၆၀ ဧကခန့်အပေါ်ကို တရုတ်က သံဇကာတွေ လာရောက်ကာရံတာကြောင့် ဒေသခံရွာသားတွေ ကန့်ကွက်ခဲ့ပြီး ပစ္စည်းတွေအားလုံးကို ပြန်လည်ဖယ်ရှားခဲ့ပါတယ်။
 
၂၀၁၃ ခုနှစ်ထဲမှာလည်း နမ့်ခမ်းမြို့နယ် ကုန်းဆာရွာမြေပေါ်မှာ တရုတ်ယူနီဖောင်းဝတ်ထားသူတွေ အလံတွေ လာစိုက်တာကြောင့် ကန့်ကွက်ခဲ့ရတယ်လို့ ဒေသခံတွေက ပြာပါတယ်။
 
မနေ့က ပန်းခန်းရွာက ဖြစ်စဉ်ကိုတော့ မူဆယ်မြို့နယ်အုပ်ချုပ်ရေးတာဝန်ရှိသူတွေ လာရောက်ကြည့်ရှုသွားပြီး ခရိုင်အဆင့်ကို ထပ်မံတင်ပြပေးမယ်လို့ ပြောသွားကြောင်း ဒေသခံကဆိုပါတယ်။
 
မြန်မာ - တရုတ်နယ်စပ်ဟာ မြန်မာနိုင်ငံမြောက်ပိုင်း ကချင်ပြည်နယ်ကနေ ရှမ်းပြည်နယ်အထိ နယ်နိမိတ် မိုင်ပေါင်း ၁၃၇၀ အထိ ထိစပ်နေတာဖြစ်ပြီး မြန်မာနိုင်ငံအခြမ်းထဲကို တရုတ်က မကြာခဏ လာရောက် ခြံစည်းရိုး ခတ်နေပါတယ်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။