ရန်ကုန်မြို့က လက်တွန်းလှည်းဈေးသည်များ

2021.10.26

■ ကိုဗစ်ရောဂါနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်းမှာ ချက်ပြုတ်စရာ ကုန်စိမ်းနဲ့ ကုန်ခြောက်တွေကို လက်တွန်းလှည်းနဲ့ တစ်လမ်းဝင် တစ်လမ်းထွက် ရောင်းချသူတွေ များပြားလာတာ တွေ့ရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်း ရှားပါးလာတာအပါအဝင် ဈေးနဲ့ လူစည်ကားရာနေရာတွေကို သွားရောက်ဝယ်ခြမ်းကြသူတွေ နည်းပါးလာတာကြောင့် လမ်းတွေနဲ့ လူစည်ကားရာနေရာတွေအရောက် လက်တွန်းလှည်းတွေနဲ့ ရောင်းချကြရတာလို့ သိရပါတယ်။

ဒီလက်တွန်းလှည်း ဈေးသည်တွေဟာ သားငါး၊ ဟင်းသီးဟင်းရွက်နဲ့ ငါးပိရည် တို့စရာကအစ မီးဖိုချောင်သုံး ကုန်ခြောက်ပစ္စည်းတွေအထိ လိုက်လံရောင်းချနေကြတာ ဖြစ်ပါတယ်။■


မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။