သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-10-24
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် Burma Campaign Australia အဖွဲ့က ဦးစီးပြီး သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်က ဗစ်တိုးရီးယားပန်းခြံမှာ ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။
2010-10-24
ကန္တာရဝတီ သတင်းဂျာနယ် အယ်ဒီတာ ကိုညီညီထွန်းကို မြန်မာစစ်အစိုးရက ထောင်ဒဏ် ၁၃ နှစ် ချမှတ်လိုက်တဲ့ အတွက် အမေရိကန်အခြေစိုက် CPJ ခေါ် စာနယ်ဇင်းသမားများ ကာကွယ် စောင့်ရှောက် ရေးအဖွဲ့က ရှုတ်ချလိုက်ပြီး မြန်မာနိုင်ငံဟာ တရုတ် နိုင်ငံပြီးရင် သတင်းစာဆရာတွေ အများဆုံး အကျဉ်း ချထားတဲ့ နိုင်ငံဖြစ်တယ်လို့ မှတ်ချက်ချလိုက်ပါတယ်။
2010-10-23
စစ်ကောင်စီရာထူး ကရော အစိုးရ ရာထူးကပါ အငြိမ်းစားယူပြီး ရွေးကောက်ပွဲမှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်လွှတ်တော်မှာ ကြံ့ခိုင်ဖွံဖြိုးရေးပါတီကနေ ဝင်ရောက် ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းတွေက တိုင်းဒေသကြီး ဝန်ကြီးချုပ် နေရာတွေ အလိုလို ရနေပြီလို့ သတင်းတွေ ထွက်ပေါ်လာနေပါတယ်။
2010-10-23
စစ်အစိုးရ ကျင်းပမယ့် ရွေးကောက်ပွဲ ပြီးသွားတဲ့အခါ ထိုင်းမြန်မာနယ်စပ်က ဒုက္ခသည်တွေကို မြန်မာပြည်ဘက် ပြန်ပို့မယ်ဆိုပြီး သတင်းတွေ ထွက်နေချိန်မှာ အောက်တိုဘာလ (၂၂) ရက်နေ့က ထိုင်း နိုင်ငံခြားရေးဝန်ကြီး ခဆစ်ဖိရုမ်း ဟာ မဲဆောက်မြို့အနီးက မယ်လ ဒုက္ခသည်စခန်းကို သွားရောက် လည်ပတ်ပြီး စခန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ကြောင်း သိရပါတယ်။
2010-10-23
ကျောက်ဖြူမြို့နယ်အတွင်း မနေ့က ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့ ဂီရိ ဆိုင်ကလုန်း မုန်တိုင်းကြောင့် မြို့ပေါ်မှာ လူတဦး သေဆုံးခဲ့သလို မြို့နယ်တွင်း ပျက်စီးမှု အများအပြား ရှိခဲ့ပြီး အရေးပေါ် ကူညီမှုတွေလည်း လိုအပ်နေတယ်လို့ သိရပါတယ်။
2010-10-23
ခရမ်းမြို့နယ်အတွင်းက တောင်သူ လယ်သမား တရာကျော်ဟာ ဒီကနေ့ မနက်ပိုင်းက တွေ့ဆုံဆွေးနွေးပြီး တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းခွင့် ပေးဖို့နဲ့ အသိမ်းခံထားရတဲ့ လယ်ယာမြေတွေ ပြန်လည်ပေးအပ်ဖို့ တောင်းဆိုလိုက်ကြတယ်လို့ သိရပါတယ်။
2010-10-23
ဘင်္ဂလားပင်လယ်ကနေ ရခိုင်ပြည်နယ်ကို ဖြတ်ကျော် တိုက်ခိုက်လာတဲ့ ဂီရိ ဆိုင်ကလုံး မုန်တိုင်းဟာ ဒီကနေ့ မန္တလေးတိုင်းအတွင်း ဖြတ်သန်း ဝင်ရောက်နေတာကြောင့် ကျောက်ပန်းတောင်းမြို့မှာ သစ်ပင်၊ ဓာတ်တိုင်တွေ ပြိုလဲကုန်တဲ့အပြင် မိုး အများအပြား ရွာနေပြီး တခြားမြို့တွေမှာတော့ လေမပြင်းထန်တော့ပဲ မိုးအဆက်မပြတ် ရွာနေတယ်လို့ သိရပါတယ်။
2010-10-23
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကို ဝင်ရောက်လာခဲ့တဲ့ ဂီရိ ဆိုက်ကလုန်းမုန်တိုင်းရဲ့ အလားအလာ အနေအထားနဲ့ ပတ်သက်ပြီး အငြိမ်းစား မိုးလေဝသဌာန ညွှန်ကြားရေးမှူး ဦးထွန်းလွင်ကို ကိုကျော်ကျော်အောင်က သောကြာနေ့ ည (၁၀) နာရီခွဲက ဆက်သွယ် မေးမြန်းခဲ့ပါတယ်။
2010-10-22
နိုဝင်ဘာရွေးကောက်ပွဲပြီးရင် အရပ်သား အုပ်ချုပ်ရေးဆီ မြန်မာပြည် ပြန်ရောက်နိုင်မလားဆိုတဲ့အပေါ် ဝါရှင်တန်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။
2010-10-22
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Mr Kasit Piromya ဟာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ ထိုင်း-မြန်မာနယ်စပ်က မြန်မာနိုင်ငံသား ဒုက္ခသည် ၅ သောင်းကျော် ရှိတဲ့ မယ်လ ဒုက္ခသည်စခန်းကို လာရောက်တယ်လို့ သိရှိရပါတယ်။
2010-10-22
ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ဂီရိ (Giri) ဆိုင်ကလုန်းမုန်တိုင်းဟာ မြန်မာစံတော်ချိန် ညနေ ၆ နာရီခွဲလောက်မှာ ရခိုင်ပြည်နယ် ကျောက်ဖြူဒေသကို တနာရီ မိုင် ၈၀-၁၀၀ နှုန်းနဲ့ ဝင်ရောက် တိုက်ခတ်မယ်လို့ မြန်မာနိုင်ငံ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးချုပ် ဦးတင်ငွေက RFA ကို ခန့်မှန်း ပြောဆိုပါတယ်။
2010-10-22
ရခိုင်ပြည်နယ်က မုန်တိုင်းဘေး ကယ်ဆယ်ရေးနဲ့ ပတ်သက်ပြီး ရန်ကုန်အခြေစိုက် ကုလသမဂ္ဂအဖွဲ့တွေနဲ့ NGO အဖွဲ့တွေ အောက်တိုဘာ ၂၁ ရက် ညနေပိုင်းမှာ အစည်းအဝေးတရပ် ကျင်းပခဲ့ကြောင်း သိရပါတယ် ။
2010-10-22
မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ အထူးစုံစမ်းစစ်ရေး ကော်မရှင်ဖွဲ့ပြီး အရေးယူဖို့ တောင်းဆို ထောက်ခံတဲ့ ဆန္ဒပြပွဲကို အောက်တိုဘာ ၂၂ ရက် ဒီနေ့ နယ်သာလန်နိုင်ငံ the Hague မြို့မှာရှိတဲ့ နိုင်ငံတကာ ရာဇဝတ်မှု တရားရုံးရှေ့မှာ မြန်မာ့ ဒီမိုကရေစီအရေး လှုပ်ရှားသူ ၆၀ ဝန်းကျင်လောက် ဆန္ဒပြကြပါတယ်။
2010-10-22
ထောင်ဒဏ် ၈ နှစ်ကျော် ချမှတ်ခံထားရတဲ့ ရခိုင် သမိုင်းသုတေသီ ဆရာတော်ကို စစ်တွေ အကျဉ်းထောင်ကနေ တခြားဘယ်ထောင်ကို ပြောင်းရွှေ့လိုက်တယ်ဆိုတာ စုံစမ်းလို့ မရတဲ့အတွက် မိသားစုဝင်တွေ၊ ရှေ့နေနဲ့ ရခိုင်ပြည်သူတွေ အထူးစိုးရိမ်နေကြတယ်လို့ သိရပါတယ်။
2010-10-22
ဖိလစ်ပိုင်အစိုးရအနေနဲ့ အာဆီယံကို ဦးဆောင်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်နိုင်ငံ က အဖွဲ့အစည်းပေါင်းစုံက ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ Free Burma Coalition အဖွဲ့ဝင်တွေပါ။