မြန်မာစစ်အစိုးရကို စာနယ်ဇင်းသမားများ ကာကွယ်ရေးအဖွဲ့ ပြစ်တင်ရှုတ်ချ
2010.10.24
အယ်ဒီတာ ကိုညီညီထွန်းကို နိုင်ငံတော်ပုန်ကန်မှုနဲ့ ရန်ကုန်တရားရုံး တရုံးက အောက်တိုဘာလ ၁၃ ရက်နေ့မှာ ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့တာပါ။
ဒီလို မဟုတ်မမှန် လုပ်ကြံပြီး ကိုညီညီထွန်းကို ရက်ရက်စက်စက် အပြစ်ပေးတာဟာ စစ်အစိုးရရဲ့ ဒီမိုကရေစီကို ဦးတည် သွားနေပါတယ် ဆိုတာကို သရော် လှောင်ပြောင်လိုက်သလိုဘဲလို့ CPJ အဖွဲ့ရဲ့ အရှေ့တောင်အာရှရေးရာ ဆိုင်ရာ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။
ဒီမိုကရေစီ လမ်းစဉ်အတွက် သတင်းစာလွတ်လပ်ခွင့်ဟာ မရှိမဖြစ် လိုအပ်တယ် ဆိုတဲ့အချက်ကို စာနယ်ဇင်းသမားတွေကို ထောင်ထဲထည့်နေတဲ့ ဗမာစစ်ဗိုလ်ချုပ်တွေ သဘောမပေါက်ကြဘူးလို့ သူက ဆိုပါတယ်။
ကိုညီညီထွန်းကို အစိုးရအပေါ် အကြည်ညိုပျက်အောင် လုပ်မှုနဲ့၂၀၀၉ ခုနှစ် အောက်တိုဘာလ ၁၄ ရက်နေ့မှာ အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီး သူရဲ့ ဂန္ဓာရဝတီ သတင်းဂျာနယ်ကိုလည်း ပိတ်လိုက်ပါတယ်။
CPJ အဖွဲ့ရဲ့ သုတေသန ပြုချက်တွေအရ မြန်မာစစ်အစိုးရဟာ သတင်းစာဆရာ အနည်းဆုံး ၁၂ ယောက် ဖမ်းဆီးထားပြီး ဒါဟာ တရုတ်နိုင်ငံ ပြီးရင် အာရှတိုက်မှာ ဒုတိယအများဆုံးလို့သိရပါတယ်။