မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်အစိုးရကို တောင်းဆို

ဖိလစ်ပိုင်အစိုးရအနေနဲ့ အာဆီယံကို ဦးဆောင်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်နိုင်ငံ က အဖွဲ့အစည်းပေါင်းစုံက ဖိလစ်ပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ အောက်တိုဘာ ၂၂ ရက် ဒီကနေ့ မနက်ပိုင်းက ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြသူတွေဟာ Free Burma Coalition အဖွဲ့ဝင်တွေပါ။

2010.10.22
Anti-election_demo_philippines_305_z.jpg မြန်မာနိုင်ငံတွင် ဒီမိုကရေစီ လိုလားသူများက ရွေးကောက်ပွဲ မဲမပေးရေး လှုံ့ဆော် တိုက်တွန်းနေခြင်းကို ထောက်ခံသည့်အနေဖြင့် အောက်တိုဘာ ၂၂ ရက်နေ့က ဖိလိပိုင် နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့တွင် Free Burma Coalition အဖွဲ့ဝင်များ ဆန္ဒပြနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဆန္ဒပြသူတွေရဲ့ ကိုယ်စား အဖွဲ့ပြောခွင့်ရသူ မစ္စတာ အက်ဂွာရီဘန်က ခုလိုပြောပါတယ်။ အဖွဲ့အစည်းပေါင်းစုံက ဆန္ဒပြသူ ၆၀ ကျော် ပါဝင်တယ်လို့ ဆိုပါတယ်။ လူငယ်အဖွဲ့၊ အလုပ်သမား အစည်းအရုံးစတဲ့ အဖွဲ့တွေက ဖြစ်ပြီး အားလုံးဟာ Free Burma Coalition အဖွဲ့ဝင်တွေ ဖြစ်တယ်လို့ ဆိုပါတယ်။

ခုလို နိုင်ငံခြားရေး ဝန်ကြီးဌာနရှေ့မှာ ဆန္ဒပြရတာကတော့ ဖိလစ်ပိုင်နိုင်ငံက အာဆီယံကို ဦးဆောင်ပြီး မြန်မာအစိုးရကို ဖိအားပေးဖို့ ဖိလစ်ပိုင်အစိုးရကို တိုက်တွန်းနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဆန္ဒပြသူတွေက မြန်မာနိုင်ငံက အတုအယောင် ရွေးကောက်ပွဲကို အသိအမှတ်မပြုဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တကွ နိုင်ငံရေးအကျဉ်းသားတွေကို ချက်ချင်းလွှတ်ပေးဖို့ ကြွေးကြော်နေကြပါတယ်။

ဆန္ဒပြသူတွေဟာ တနာရီကျော်ကြာအောင် ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။