သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-01-10
ဒီအပတ် တနင်္ဂနွေစကားဝိုင်းမှာ ဒေါ်အောင်ဆန်းစု ကြည် ဦးဆောင်တဲ့ အစိုးရသစ် ဖြေရှင်း ရမယ့် ပြဿနာအချို့ကို ဆွေးနွေးထားပါတယ်။
2016-01-10
အခုမီးလောင်ကျွမ်းခဲ့တဲ့ မင်္ဂလာဈေးကြီးအပါအဝင် ပြန်ဆောက်လုပ်တဲ့ ဈေးသစ်ကြီးတွေဟာ ဈေးအင်္ဂါရပ်နဲ့ မညီကိုက်တဲ့ ဆောက်လုပ်မှုတွေအပြင် ဈေးစည်ပင်အဖွဲ့ရဲ့ စီမံခန်ခွဲမှု အားနည်းတာတွေ အများကြီးကြုံနေရတယ်လို့ ထောက်ပြချက်တွေ ရှိနေပါတယ်။
2016-01-09
ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ရခိုင်ပြည် နယ် သံတွဲမြို့နယ်အတွင်းမှာ နိုင်ငံသား မဖြစ်သေးတဲ့ ဝှိုက်ကဒ်ကိုင် ဆောင်ထား သူတွေကို မဲပေးခွင့်ပြုခဲ့တယ်ဆိုတာကို မြို့နယ်၊ ရပ် /ကျေး ရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေနဲ့ ကျေးရွာ အုပ်ချုပ်ရေးမှူးတွေကို ခရိုင်ရွေးကောက်ပွဲကော်မရှင်က မနေ့ကစတင်ပြီး ခုံရုံးဖွဲ့ စစ်ဆေးနေပါတယ်။
2016-01-09
ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်မှာ သိမ်းဆည်း ခံထားရတဲ့ မြေယာတွေကို ပြန်လည်ရရှိဖို့ တောင်းဆိုရာမှာ လိုက်လျောမှုမရှိခဲ့ရင် လူထုလှုပ်ရှားမှုတွေ ပြုလုပ်သွား ဖို့ ဒေသခံတောင်သူတွေက ဒီနေ့ ဆုံးဖြတ်လိုက်ကြပါတယ်။
2016-01-09
ပြည်သူ့လွှတ်တော်မှာ အတည်ပြုလိုက် တဲ့ နိုင်ငံတော်သမ္မတ တာဝန်ထမ်းဆောင်ခဲ့ သူရဲ့ လုံခြုံရေးဆိုင်ရာ ဥပဒေကြမ်းကို ကန့်ကွက်တဲ့အနေ နဲ့ နော်အုန်းလှဟာ အင်းစိန်ထောင်အတွင်း အစာငတ်ခံ ဆန္ဒပြနေတာ ၅ ရက်မြောက်ရှိနေပြီဖြစ်ပြီး ထောင်တွင်း ကျန်းမာရေးစစ်ဆေးမှုကို လက်မခံဘူးလို့ သိရပါတယ်။
2016-01-09
ဒီကနေ့ မနက်ပိုင်းက ရန်ကုန်မြို့ မင်္ဂလာဈေးကြီးမှာ မီးလောင်းခဲ့တာ နဲ့ပတ်သက်ပြီး မီးလောင်မှုဖြစ်စဉ်နဲ့ ဆုံးရှုံးမှုတန်ဖိုးတွေကို အဖွဲ့ဖွဲ့ပြီး စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး မီးသတ်ဦးစီးဌာနက တာဝန် ရှိသူတစ်ဦးက ပြောပါတယ်။
2016-01-09
ရက္ခိုင့်တပ်မတော် (AA) အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးကိုလိုလားပြီး နှစ်ပေါင်း ၆ဝ ကျော်ကြာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ပြဿနာတွေ ၊ နိုင်ငံရေးပြဿနာတွေကို အဖြေရှာရာမှာ အားလုံးပါဝင် တဲ့ နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှုတွေအတွက် ဖိတ်ခေါ်မယ် ဆိုရင် အဆင်သင့် ရှိနေကြောင်း သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။
2016-01-08
ရမည်းသင်းမြို့နယ်မှာ အန်အယ်လ်ဒီပါတီက အမျိုးဘာသာ သာသနာစောင့်ရှောက်ရေးအဖွဲ့နဲ့ ပတ်သက်ပြီး စွပ်စွဲထားတဲ့အတွက် ပြန် လည်တောင်းပန်ဖို့ မြို့နယ် မဘသအဖွဲ့က အကြောင်းကြားထားတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ရမည်းသင်းမြို့နယ် မဘသအဖွဲ့ အတွင်းရေးမှူး ဆရာတော် ဦးတိက္ခသာရကို RFA အဖွဲ့သူ မခက်မာဆက်သွယ်လျှောက်ထားမေးမြန်းထား ပါတယ်။
2016-01-08
လာမယ့် ဇန်နဝါရီလ (၁၂) ၇က်နေ့ နေပြည်တော်မှာ စတင်ကျင်းပမယ့် ပြည်ထောင်စုငြိမ်ချမ်းရေးညီလာခံမှာ တိုင်းရင်းသားလက်နှက်ကိုင်အဖွဲ့ အားလုံးမပါဝင်တဲ့အတွက် ဒီညီလာခံကို မတက်ဘူးလို့ ရှမ်းတိုင်းရင်းသား ခေါင်းဆောင် ဦးခွန်ထွန်းဦးက RFA ကို ပြောပါတယ်။
2016-01-08
ရခိုင်ပြည်နယ်ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ အစိုးရတပ်တွေနဲ့ AA ရက္ခိုင်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ အေးချမ်းသွားပြီဖြစ်ပေမဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ ဒီကနေ့အထိ ပြေးလာနေတုန်းရှိသေးတယ်လို့ ဆိုပါတယ်။
2016-01-08
သာယာဝတီထောင်မှာရှိနေတဲ့ ကျောင်းသားနဲ့ ဝန်းရံပြည်သူတချို့အတွက် ပြင်ပဆေးရုံတက် ကုသခွင့်ရဖို့ အခြေအနေဟာ အရင်ကထက်ခက်ခဲလာနေတယ်လို့ သိရပါတယ်။ လတ်တလောမှာ တော့ ရန်ကုန်ဆေးရုံကြီးမှာ ၅ ဦးဆေးကုသနေရဆဲဖြစ်ပါတယ်။
2016-01-08
မန္တလေးတိုင်း မြင်းခြံခရိုင်အတွင်းက ကျေးရွာအတော် များများကို ပြည်ခိုင်ဖြိုးရွာတွေအဖြစ် အမည်ပေးထား တာတွေကို ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ မြို့နယ် တာဝန်ရှိသူတွေ ဦးဆောင်ပြီး ပြန်လည်ဖြုတ် သိမ်းနေပါတယ်။
2016-01-08
သောကြာနေ့တိုင်း RFA အသံလွှင့်ရေဒီယို နဲ့ ရုပ်မြင်သံကြား TV ကနေ အပတ်စဉ် ထုတ်လွှင့်နေတဲ့ “မှတ်မှတ် သားသား စကားများ” အစီအစဉ်ဖြစ်ပါတယ်။
2016-01-08
အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအကြား စစ်ရေးပဋိပက္ခ မဖြစ်အောင် စောင့်ကြည့်နိုင်ဖို့အတွက် ရန်ကုန်မြို့ ရွှေလီလမ်း မြန်မာ့ငြိမ်းချမ်းရေးစင်တာမှာ နှစ်ရက်ကြာ ဆွေးနွေးခဲ့ကြပါတယ်။
2016-01-08
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်-၄ မှာရှိတဲ့ Myanmar Unique အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ကျွမ်းကျင်ကြေးနဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေရဖို့ တောင်းဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ခေါင်းဆောင်နှစ်ဦး အလုပ်ပြန်လုပ်ခွင့်ရဖို့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြရာမှာ ပြေလည်မှု ရခဲ့ပါတယ်။