Myanmar Unique အထည်ချုပ်စက်ရုံဆန္ဒပြပွဲ
2016.01.08
ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်-၄ မှာရှိတဲ့ Myanmar Unique အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ ကျွမ်းကျင်ကြေးနဲ့ လူမှုဖူလုံရေး ခံစားခွင့်တွေရဖို့ တောင်းဆိုခဲ့တာကြောင့် အလုပ်ထုတ်ခံခဲ့ရတဲ့ ခေါင်းဆောင်နှစ်ဦး အလုပ်ပြန်လုပ်ခွင့်ရဖို့ စက်ရုံရှေ့မှာ ဆန္ဒပြတောင်းဆိုခဲ့ကြရာမှာ ပြေလည်မှု ရခဲ့ပါတယ်။ RFA သတင်းထောက် ကိုသီဟထွန်းက တင်ပြထားပါတယ်။