ရခိုင်ဒေသတိုက်ပွဲ နောက်ဆုံးအခြေအနေ မေးမြန်းချက်


2016.01.08

ရခိုင်ပြည်နယ်ကျောက်တော်နဲ့ မြောက်ဦးမြို့နယ်ကြားမှာ အစိုးရတပ်တွေနဲ့ AA ရက္ခိုင်တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပွားနေတာ အေးချမ်းသွားပြီဖြစ်ပေမဲ့ စစ်ပြေးဒုက္ခသည်တွေကတော့ ဒီကနေ့အထိ ပြေးလာနေတုန်းရှိသေးတယ်လို့ ဆိုပါတယ်။

ဒုက္ခသည်တွေဟာ မြောက်ဦးမြို့နယ် ကျီရွာပြင်ရွာ၊ စေတီတောင်နဲ့ ရွာမပြင်ရွာတွေကို ပြေးလာကြတာဖြစ်ပြီး စုစုပေါင်း ၂၀၀ နီးပါးရှိတယ်လို့ သိရပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ဒုက္ခသည်များနဲ့ပတ်သက်ပြီး ကျီရွာပြင်ရွာက အုပ်ချုပ်ရေးမှူး ဦးတင်အေးမောင်ကို RFA အဖွဲ့သား ဦးတင်အောင်ခိုင် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။