သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-03
လာမယ့် ၂ဝ၂ဝ ရွေးကောက်ပွဲမတိုင်ခင် မွန်နိုင်ငံရေးပါတီနှစ်ခု ပေါင်းစည်းနိုင်အောင် ကြိုးစားသွား မယ်လို့ မွန်အမျိုးသားပါတီ အထွေထွေအတွင်းရေးမှူး နိုင်လယီတမ က ဒီနေ့ ပြောပါတယ်။
2018-01-03
မကြာခင်ကျင်းပမယ့် ပြည်ထောင်စုလွှတ်တော်မှာ ကျောက်မျက်ရတနာဥပဒေကို အတည်ပြု ပြဋ္ဌာန်း နိုင်ရေးအတွက် မြေပြင်အခြေအနေတွေကိုသိနိုင်ဖို့ ပြည်သူ့လွှတ်တော် သစ်တော၊ သယံဇာတ နဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီက ဖားကန့်ကျောက်စိမ်းတွင်းနယ်မြေကို ဒီကနေ့ ကွင်းဆင်းလေ့လာခဲ့ပါတယ်။
2018-01-03
၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ဖျက်သိမ်းရေး အတွက် ၂ဝ၁၈ ဇန်နဝါရီလ ၂ ရက်နေ့က ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ နိုင်ငံရေး တက်ကြွလှုပ်ရှားသူ ၃ဝ နီးပါး ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2018-01-03
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင်အပေါ် ဥပဒေအရ အပ်နှင်းထားတဲ့တာဝန်တွေကို ကျေပွန်အောင် မထမ်းဆောင်ဘူးဆိုတဲ့ စွပ်စွဲပြစ်တင်မှုဟာ မှန်ကန်တဲ့အတွက် ဝန်ကြီး ဦးမင်းအောင်အနေနဲ့ လက်ရှိတာဝန်ကို ဆက်လက်ထမ်းဆောင်ဖို့ မသင့်တော့ဘူးလို့ ၂ဝ၁၈ ဇန်နဝါရီလ ၂ ရက်နေ့မှာ ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးက အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။
2018-01-03
ဒီကနေ့ ပြုလုပ်တဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးက ပြည်နယ်စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ရာထူးကနေ နုတ်ထွက်ပေးဖို့ မဲခွဲ ဆုံးဖြတ်လိုက်နဲ့ပတ်သက်လို့ လွှတ်တော် တွင်း နိုင်ငံရေးအရ လွန်ဆွဲမှုမဖြစ်နိုင်ဘူးလို့ ဦးမင်းအောင်အမှုကိစ္စ စုံစမ်းစစ်ဆေးရေးအဖွဲ့မှာ ပါဝင်သူ NLD ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ကြွေအေးက ပြောပါတယ်။
2018-01-03
သက်တမ်း ၂ နှစ်ခန့်ရှိလာပြီဖြစ်တဲ့ NLD အစိုးရရဲ့ နိုင်ငံရေး စီးပွားရေး ကြိုးပမ်းဆောင်ရွက်နေတဲ့ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်လို့ NLD ပါတီက ပြန်ကြားရေးအဖွဲ့ဝင် မုံရွာအောင်ရှင်ကို မသင်းသီရိ ဆက်သွယ်မေးမြန်းထားပါတယ်။
2018-01-03
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ မွတ်စလင်ဒုက္ခသည် ၈ သိန်းခွဲ ရှိနေပြီး ပထမအသုတ်အဖြစ် ပြန်ပို့မယ့် မွတ်စလင်ဒုက္ခသည် တစ်သိန်းရှိကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့ ပြောဆိုချက်နဲ့ပတ်သက်ပြီး အလုပ်သမား လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ကြိုင် ကို RFA အဖွဲ့သူ မခင်ခင်အိ ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။
2018-01-02
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဌ အဖြစ် တာဝန်ယူမယ့် ဗိုလ်ချုပ်ကြီး အင်ဘန်လကို ရာထူးလွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားကို ကချင်ပြည်နယ် KIA ဌာနချုပ် လိုင်ဇာမှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2018-01-02
ထားဝယ်အခြေစိုက် တနင်္သာရီဂျာနယ်ကို မီဒီယာဥပဒေပုဒ်မ ၂၅ (ခ)နဲ့ တိုင်းအစိုးရအဖွဲ့က စွဲဆိုထားတဲ့အမှုကို ဒီနေ့ ထားဝယ်မြို့နယ်တရားရုံးမှာ ပထမဆုံးအကြိမ် စစ်ဆေးခဲ့ပြီး ငွေကျပ်သိန်း ၂၀ နဲ့ အာမခံပေးလိုက်တယ်လို့ အယ်ဒီတာချုပ် ဦးမျိုးအောင် က ပြောပါတယ်။
2018-01-02
NCA မှာ လက်မှတ်ရေးထိုးဖို့အတွက် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ရဲ့ ထိပ်သီးအစည်းအဝေးကို ဒီအပတ်ထဲမှာ ကျင်းပဖို့ လျာထားတယ်လို့ UNFC ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော် က ဒီနေ့ ပြောပါတယ်။
2018-01-02
မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်က Mevius ဆေးလိပ်ကုမ္ပဏီမှာ အရောင်းမြှင့်တင်ရေး ဝန်ထမ်းအမျိုးသမီး ၄၁ ဦးကို ကြိုတင်အသိပေးခြင်းမရှိဘဲ အလုပ်ကနေထုတ်ပယ်လိုက်တယ်လို့ အလုပ်သမားတွေက ဒီနေ့ ပြောပါတယ်။
2018-01-02
ရခိုင်ပြည်နယ်အစိုးရအဖွဲ့ စည်ပင်သာယာရေးဝန်ကြီး ဦးမင်းအောင် ဟာ လက်ရှိတာဝန်ကို ဆက်လက် ထမ်းဆောင်ဖို့ မသင့်တော်ဘူးလို့ ဒီနေ့ကျင်းပတဲ့ ရခိုင်ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ မဲခွဲဆုံးဖြတ်လိုက်ပါတယ်။
2018-01-02
မြန်မာနိုင်ငံရဲ့ တိရစ္ဆာန်ကောင်ရေနဲ့ တိရစ္ဆာန်ထွက် ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားတွေကို အတည်ပြုထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မွေးမြူရေးနဲ့ ကုသရေး ဦးစီးဌာနက တိရစ္ဆာန်ကောင်ရေ ကောက်ယူတဲ့ လုပ်ငန်းကို လာမယ့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ ဆောင်ရွက် မှာဖြစ်ပါတယ်။
2018-01-01
၂၀၁၈ နှစ်အတွက် ပြည်သူတွေရဲ့ နိုင်ငံရေး စီးပွားရေး လူမှုရေး မျှော်လင့်ချက် မျှော်မှန်းချက်တွေ ကို RFA အဖွဲ့သူ မခင်ခင်အိ က စုစည်းတင်ဆက် ထားပါတယ်။
2018-01-01
ကုန်ဆုံးခဲ့ပြီဖြစ်တဲ့ ၂၀၁၇ ခုနှစ်ထဲက ထူးခြားတဲ့ နိုင်ငံရေး စီးပွားရေးနဲ့ ငြိမ်းချမ်းရေးအကြောင်း သုံးသပ်ချက်နဲ့အတူ ၂၀၁၈ ထဲက အလားအလာတွေအကြောင်း မသင်းသီရိ စုစည်းတင်ပြထားပါတယ်။