တိရစ္ဆာန်ကောင်ရေ စာရင်းကောက်ယူမယ့်အကြောင်း တင်ပြချက်
2018.01.02
မြန်မာနိုင်ငံရဲ့ တိရစ္ဆာန်ကောင်ရေနဲ့ တိရစ္ဆာန်ထွက်ပစ္စည်းထုတ်လုပ်မှု စာရင်းဇယားတွေကို အတည်ပြုထုတ်လုပ်နိုင်ဖို့အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာန လက်အောက်မှာရှိတဲ့ မွေးမြူရေးနဲ့ ကုသရေးဦးစီးဌာနက တိရစ္ဆာန်ကောင်ရေ ကောက်ယူတဲ့လုပ်ငန်းကို လာမယ့် ၂ဝ၁၈ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ၃၁ ရက်နေ့အထိ ဆောင်ရွက်မှာဖြစ်ပါတယ်။ တိရစ္ဆာန်ကောင်ရေ ကောက်ယူမယ့်အကြောင်း အပြည့်အစုံကို RFA သတင်းထောက် ကိုကံသာ က သတင်းပေးပို့ထားပါတယ်။