သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-13
မြန်မာနိုင်ငံမှာ ရေလှောင်တမံ ၃၀၀ တည်ဆောက်ရေး စီမံကိန်းတွေအတွက် သစ်တော ဧက တစ်သန်း ဆုံးရှုံးခဲ့ရပြီး၊ အဲ့ဒီဆည်တွေ အနီးက မိုးရေခံရပ်ဝှမ်း ဧက ၁၈ သန်းကျော် ကိုလည်း ထိန်းသိမ်းဖို့လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးနဲ့ သစ်တောဝန်ကြီးဌာန အြငိမ်းစား အရာရှိတစ်ဦး က ပြောပါတယ်။
2015-01-13
လက်ပံတောင်းတောင် ပဋိပက္ခအတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တောင် သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့မှုကို စုံစမ်းဖော် ထုတ်ပေးဖို့ ဒီဇင်ဘာလ ၂၉ ရက်နေ့က တရုတ်သံရုံးရှေ့မှာ ဆန္ဒပြခဲ့ကြတဲ့ ဗိုလ်ကြီးဟောင်းနေမျိုးဇင်၊ နော်အုန်း လှ၊ ဒေါ်စန်းစန်းဝင်း၊ ကိုတင်ထွဋ်ပိုင်နဲ့ ဒေါ်စိန်ထွေး တို့ကို ဒဂုံမြို့နယ်တရားရုံးမှာ အင်္ဂါနေ့က ရုံးထုတ်ခဲ့ပါတယ်။
2015-01-13
ရခိုင်အမျိုးသားပါတီ ANPက ရခိုင်အရေး ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းတွေ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ တာဝန်ရှိသူတွေက ပြောကြား လိုက်ပါတယ်။
2015-01-13
ပြည်ထောင်စု အစိုးရအနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးအပေါ် ဆန္ဒထက်သန်မှု မရှိကြောင်းနဲ့ ၆ ပွင့် ဆိုင် တွေ့ဆုံဆွေးနွေးပွဲ ကျင်းပပေးဖို့ကို ရှောင်ရှားခြင်း မပြုသင့်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္က ဌ ဒေါ်အောင်ဆန်းစုကြည်က နိုင်ငံ့အကြီးအကဲတွေနဲ့ မနေ့ကတွေ့ ဆုံရာမှာ ဆွေးနွေးခဲ့တယ်လို့ အန်အယ်လ်ဒီ ပါတီက ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2015-01-13
ပြည်ထောင်စုလွှတ်တော် နာယက သူရ ဦးရွှေမန်းက "တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်း" နဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးနဲ့ နေပြည်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ ဒီနေ့ တွေ့ ဆုံဆွေးနွေးခဲ့ပါတယ်။
2015-01-13
အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ ဟာ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့် အရေးနဲ့ အမျိုးသမီးအခွင့်အရေး လှုပ်ရှားဆောင်ရွက်သူတွေ နဲ့ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ဒီကနေ့ တေ့ွဆုံခဲ့ ပါတယ်။
2015-01-13
မွန်ပြည်နယ်၊ ရေးမြို့နယ်က အံဒင်ကျေးရွာ မှာ ကျောက်မီးသွေးလောင်စာသုံး လျှပ်စစ် ဓါတ်အားပေးစက်ရုံ တည်ဆောက်မယ့် စီမံကိန်းနဲ့ ပတ်သက်ပြီး တာဝန်ယူတည်ဆောက်မယ့် တိုယို- ထိုင်းကုမ္ပဏီက တာဝန်ရှိသူတွေက မွန်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဒီနေ့ ပြည်နယ်လွှတ်တော် အစည်း အဝေးခန်းမမှာ တွေ့ဆုံခဲ့ပါတယ်။
2015-01-13
"ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား - ဝေးသလား" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ် မှာ ဒီနေ့ ကျင်းပခဲ့ပါတယ်။
2015-01-13
ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့သတင်းပတ်အတွင်း တရားမဝင်သစ်ခိုးထုတ်နေတဲ့ တရုတ်နိုင်ငံသား တစ်ရာကျော်ကို တရားမဝင်သစ်တွေ၊ မော်တော်ယာဉ်တွေနဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။
2015-01-13
လက်ရှိအကျဉ်းကျနေတဲ့ နိုင်ငံရေးအကျဉ်းသားတွေ နဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေကို ကူညီထောက်ပံ့နေတဲ့ ဟံသာဝတီ ဦးဝင်း တင်ဖောင်ဒေးရှင်းရဲ့ ၁၈ ကြိမ်မြောက် အလှူငွေပေးအပ်ပွဲကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ဇန်နဝါရီလ ၁၂ ရက်နေ့က ကျင်းပခဲ့ ပါတယ်။
2015-01-13
မိုးကုတ်မြို့မှာ ကျောက်မျက်လုပ်ငန်းရှင်များအသင်း က ကျောက်မျက်ဈေးဆောက်လုပ်ဖို့ စီစဉ်နေတာကို မြို့ခံတွေက ဇန်နဝါရီလ ၁၁ ရက်နေ့က ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။
2015-01-13
နိုင်ငံတော်သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် နဲ့ဒေါ်အောင်ဆန်းစုကြည်တို့အပါအဝင် နိုင်ငံ့ခေါင်းဆောင်တွေ နိုင်ငံရေး ပါတီ ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေအပါအဝင် စုစုပေါင်း ၄၈ ဦးဟာ ဒီနေ့ နေပြည်တော်က သမ္မတအိမ်တော် မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
2015-01-13
လွှတ်တော်နိုင်ငံရေးနဲ့ လွှတ်တော်ပြင်ပနိုင်ငံရေးမှာ ဘယ်လှုပ်ရှားမှုက ပြည်သူ့အကျိုးစီးပွားကို ပိုမိုဖော်ဆောင်နိုင်သလဲ ဆိုတဲ့ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ခုကို ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
2015-01-13
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့်ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ပြည်သူ့ရင်ပြင်မှာ ဇန်နဝါရီလ ၁ဝ ရက်နေ့က ကျင်းပခဲ့ပါတယ်။
2015-01-13
သမ္မတ ဦးသိန်းစိန်ရဲ့ ဖိတ်ကြားချက်နဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ တိုင်းရင်းသား ကိုယ်စားလှယ် ခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားရေးရာဝန်ကြီးတွေဟာ နေပြည်တော် သမ္မတအိမ်တော်မှာ ဇန်နဝါရီလ ၁၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။