တိုင်းရင်းသားရေးရာဝန်ကြီးများ လွှတ်တော်နာယကနဲ့ တွေ့ဆုံ


2015.01.13
ushweman-305a.jpg ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ တိုင်းရင်းသားရေး ရာဝန်ကြီး ၂၈ ဦးတို့ နေပြည်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ ဇန်နဝါရီလ ၁၃ ရက်နေ့က တွေ့ဆုံကြစဉ်
Photo: Myo Thant Khaing/RFA

ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက "တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်း" နဲ့ ပတ်သက်ပြီး တိုင်းရင်းသားရေးရာဝန်ကြီး ၂၈ ဦးနဲ့ နေပြည်တော် ဇမ္ဗူသီရိခန်းမဆောင်မှာ ဒီနေ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒီ တွေ့ဆုံပွဲဟာ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အထောက် အကူပြုတယ်လို့ ပြည်ထောင်စုလွှတ်တော် နာယက သူရဦးရွှေမန်းက ပြောပါတယ်။

"တိုင်းရင်းသားရေးရာ ဝန်ကြီးများနဲ့ အခုလိုတွေ့ဆုံ မှုဟာ တို့နိုင်ငံမှာလိုလားနေတဲ့ ငြိမ်းချမ်းအရေးအတွက် အများကြီး အထောက်အကူပြုတယ်၊ တို့လိုချင်တာက ငြိမ်းချမ်းရေး၊ ငြိမ်းချမ်းရေးရဖို့ဆိုရင် တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည် သင့်မြတ်ရေး ရှိမှရမယ်၊ ဒါကြောင့်မို့ ဒီနေ့ တိုင်းရင်းသားရေးရာ ဝန်ကြီးများနဲ့ တွေ့ဆုံမှုဟာ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေးအတွက် အများကြီး အထောက်အကူပြုတယ်"

တိုင်းရင်းသားရေးရာဝန်ကြီးတွေက "တိုင်းရင်းသားလူမျိုးများရဲ့ အခွင့်အရေး ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေကြမ်း" မှာ ပြင်ဆင်ဖြည့်စွက်လိုတာတွေကို ပြည်ထောင်စုလွှတ်တော် နာယကထံ တင်ပြခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ၁၂ ပွင့်ဆိုင်တွေ့ဆုံပွဲ ကျင်းပပေးဖို့ တိုင်းဒေသကြီးလွှတ်တော်တွေမှာ အဆိုတင်သွင်းခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောထွန်းအောင်မြင့်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး ချင်းတိုင်းရင်းသားရေးရာဝန်ကြီး ဦးနိုထန်ကပ်တို့က သူတို့ရဲ့ အဆိုနဲ့ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော် နာယကကို ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

ဒီဆွေးနွေးပွဲအကြောင်း RFA သတင်းထောက် မခင်ပြည့်စုံက တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။