ပြုပြင်ပြောင်းလဲရေးလုပ်ငန်းမှာ အခက်အခဲများရှိ


2015.01.13
uyehtut-305.jpg ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ပုံ
Photo: U Ye Htut Facebook

"ပြုပြင်ပြောင်းလဲရေး ပြည်သူနဲ့ နီးသလား - ဝေးသလား" ခေါင်းစဉ်နဲ့ ဆွေးနွေးပွဲတစ်ရပ်ကို ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ဒီနေ့ ကျင်းပ ခဲ့ပါတယ်။

ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ် က ပြည်ထောင်စု အစိုးရအနေနဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ အကန့်အသတ်တွေနဲ့ အခက်အခဲတွေရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် အစိုးရရဲ့ လက်ကျန်သက်တမ်းအတွင်းမှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးနဲ့ သတင်းမီဒီယာ ကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေကို ဆောင်ရွက် သွားမယ်လို့လည်း ဦးရဲထွဋ်က ပြောခဲ့ပါတယ်။

အဲဒီ့ဆွေးနွေးပွဲမှာ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင် စုဝန်ကြီး ဦးရဲထွဋ်၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးကိုကိုကြီး၊ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ် ဦးဝင်းမြင့်နဲ့ စီးပွားရေးပညာရှင် ဦးကျော်ဝင်းတို့ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။

ဒီနေ့ ဆွေးနွေးပွဲကို ပြည်သူ့ခေတ်ဂျာနယ်က ဦးစီးကျင်းပတာဖြစ်ပြီး လူ ၁၀၀ ကျော်လောက် တက်ရောက်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။