အမေရိကန် လက်ထောက်ဝန်ကြီး လူ့အခွင့်အရေးအဖွဲ့များနဲ့ ဆွေးနွေး


2015.01.13
tom-malinowski-305.jpg ကချင်ပြည်နယ်ကို ရောက်ရှိလာတဲ့ အမေရိကန်နိုင်ငံခြားရေး ဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski ကိုတွေ့ရစဉ်
Photo: Kyaw Myo Min/RFA

အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင် ငံခြားရေးဝန်ကြီး Mr. Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ နိုင်ငံရေးအကျဉ်းသားအရေး လှုပ်ရှားသူတွေ၊ လူ့အခွင့်အရေးနဲ့ အမျိုးသမီးအခွင့် အရေး လှုပ်ရှားဆောင်ရွက်သူတွေနဲ့ ရန်ကုန်မြို့က အမေရိကန်သံရုံးမှာ ဒီကနေ့ တေ့ွဆုံခဲ့ပါတယ်။

တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ Triangle အမျိုးသမီးအဖဲ့ွ ဒါရိုက်တာ မခင်လေးက မြန်မာနိုင်ငံမှာ အမျိုးသမီး အခွင့်အရေးတွေကို ကာကွယ်စောင့်ရှောက်ပေးနိုင်တဲ့ ဥပဒေတွေပြဌာန်းပေးဖို့ လိုအပ်ကြောင်းနဲ့ မျိုးစောင့် ဥပဒေကြမ်း ၄ ခုနဲ့ ပတ်သက်ပြီး တင်ပြဆွေးနွေးခဲ့ တယ်လို့ ပြောပါတယ်။ ဒါ့အပြင် အရပ်ဘက်လူမှုအဖွဲ့ အစည်းတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံလိုကြောင်း အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖဲ့ွက တဆင့် တောင်းဆိုလိုက်တယ်လို့လည်း သိရပါတယ်။

တွေ့ဆုံပွဲတက်ရောက်သူတွေက အစိုးရရဲ့ နိုင်ငံရေးအကျဉ်းသားများရေးရာကော်မတီမှာ လက်ရှိ နိုင်ငံရေး အကျဉ်းသားအရေး ဆောင်ရွက်နေသူတွေ ပါဝင်မှုနည်းနေကြောင်းနဲ့ လယ်ယာမြေဥပဒေတွေနဲ့ အမျိုးသားပညာရေး ဥပဒေအကြောင်းတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲကို နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးအဖဲ့ွ AAPP က ကိုဘိုကြည်၊ နိုင်ငံရေးအကျဉ်းသားများအဖဲ့ွက ကိုရဲအောင်၊ ကျားမ တန်းတူညီမျှရေးအဖဲ့ွက ဦးအောင်မျိုးမင်း၊ ပြည်ကြီးခင်အဖဲ့ွက မနွဲ့ဇင်ဝင်း၊ 7 Days သတင်းစာ သတင်းထောက်ချုပ် ကိုအောင်သူရတို့ တက်ရောက်ခဲ့ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖဲ့ွဟာ မနက်ဖြန်ကစပြီး နေပြည်တော်မှာ အမေရိကန် - မြန်မာ လူ့အခွင့်အရေးဆွေးနွေးပွဲကို တက်ရောက်မှာဖြစ်ပါတယ်။

RFA သတင်းထောက် မစန်းမော်အောင် ရဲ့ တင်ပြချက်ကို နားဆင်နိုင်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။