သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2015-01-14
ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့ UNA နဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ ဒီလ ၁၈ ရက်နေ့ နေပြည်တော် မှာ နိုင်ငံရေးဆွေးနွေးပွဲတွေ စတင်ကျင်းပနိုင်ရေး နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး တို့ကို တွေ့ ဆုံဆွေးနွေးကြမယ်လို့ သိရပါတယ်။
2015-01-14
ဒီကနေ့ဟာ ကမ္ဘောဒီးယားနိုင်ငံဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဝန်ကြီးချုပ်သက်တမ်းနှစ် ၃၀ တင်းတင်းပြည့်မြောက်တဲ့ နေ့ဖြစ်ပါတယ်။
2015-01-14
နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲကို အစိုးရက ပုံစံအမျိူးမျိုးနဲ့ ကျင်းပနေတယ်ဆိုပေမယ့် ၆ ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရေး ဆိုတာဟာ ပြည်ထောင်စုလွှတ်တော်က တခဲနက် အတည်ပြုထောက်ခံတောင်းဆိုထားတာကြောင့် (၆) ပွင့်ဆိုင် တွေ့ ဆုံဆွေးနွေးရေး တောင်းဆိုချက်ဟာ ပျက်သွားနိူင်စရာ မရှိဘူးနိုင်သလို သမ္မတက မကြာခင် ဒီတောင်း ဆိုမှုနဲ့ ပတ်သက်လို့ အကြောင်းပြန်လာနိုင်တယ်ဆိုတဲ့ သုံးသပ်ချက် တွေရှိပါတယ်၊ လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ သုံးသပ်ချက်ကို မသင်းသီရိက တင်ပြထားပါတယ်။
2015-01-14
မလေးရှားနိုင်ငံမှာ မြန်မာနိုင်ငံသားတွေ သတ်ဖြတ်ခံခဲ့ရတဲ့ အမှုတွေနဲ့ပတ်သက်ပြီး၊ သံသယဖြစ်သူ ၉ ဦးကို ပီနန်ကျွန်း တရားရုံး တစ်ရုံးမှာ မနေ့ က တရားစွဲဆို လိုက်ပြီဖြစ်ကြောင်း The Straits Times သတင်း က ဖော်ပြပါတယ်။
2015-01-14
ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကား ၅ စီးပေါ် ကနေ တွေ့ရှိ ဖမ်းမိခဲ့တဲ့ ခိုးဝင်လာ သူ မြန်မာနိုင်ငံက မွတ်စလင်တွေထဲက အသက် နှစ်ဆယ် ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မနေ့က ထပ်မံသေဆုံး သွားခဲ့ပါတယ်။
2015-01-14
မြန်မာနိုင်ငံရဲ့ ပထမဆုံး စတော့ဈေးကွက် ကို နောက်အကျဆုံး အောက်တိုဘာလမှာ စတင် ဖွင့်လှစ်ဖို့ လျာထားပေမဲ့၊ ဒီ့ထက် လည်းစောနိုင်ကြောင်း ဘဏ္ဍာရေး ဒုတိယဝန်ကြီး ဦးမောင်မောင်သိန်း က ပြောပါတယ်။
2015-01-14
ဗိုလ်ချုပ်အောင်ဆန်း နှစ်တစ်ရာပြည့်မွေးနေ့ အထိမ်းအမှတ်ပွဲတော်ကို ဗိုလ်ချုပ်ရဲ့ဇာတိမြို့ဖြစ်တဲ့ နတ်မောက်မြို့မှာ စည်စည်ကားကား ကျင်းပဖို့ ပြင် ဆင်နေကြပါတယ်။
2015-01-14
ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်မယ့် ဗိုလ်ချုပ်အောင်ဆန်း နှစ် (၁ဝဝ) ပြည့်အကြို စာပေဟောပြောပွဲကို ရန်ကုန်တိုင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင်ပြီး ဗဟန်းမြို့နယ် ဗိုလ်စိန်မှန် အားကစားကွင်းမှာ ဇန်နဝါရီလ ၁၃ ရက် မနေ့ညက ကျင်းပခဲ့ပါတယ်။
2015-01-14
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr. Tom Malinowski ဟာ မြန်မာ အရပ်ဘက်လူမှုအဖွဲ့အစည်း ကိုယ်စားလှယ်တွေနဲ့ ၂၀၁၅ ဇန်နဝါရီလ ၁၄ ရက် မနေ့က တွေ့ဆုံခဲ့ပါတယ်။ ဒီတွေ့ဆုံပွဲနဲ့ပတ်သက်ပြီး အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက ဇန်နဝါရီလ ၁၄ ရက် ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။
2015-01-14
၃လ နီးပါးကြာရပ်နားခဲ့တဲ့ ပြည်သူ့ခေတ်ဂျာနယ် ပြန်လည်ထုတ်ဝေခြင်း မိတ်ဆက်အခမ်းအနားကို ဇန်နဝါရီလ ၁၃ ရက် မနေ့က ရန်ကုန်မြို့ စင်ထရယ်ဟိုတယ်မှာ ကျင်းပခဲ့ပါတယ်။
2015-01-14
အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ထုတ်လွှင့်ပေးနေတဲ့ “အနုပညာကမ္ဘာ” အစီအစဉ်ကို ပရိသတ်တွေ ရှုစားရမှာပါ။ RFA ဝိုင်းတော်သား မခက်မာက စီစဉ်တင်ဆက်ထားပါတယ်။
2015-01-14
ဒုတိယအကြိမ် မြန်မာ-အမေရိကန် လူအခွင့်အရေး ဆွေးနွေးပွဲ ကို နေပြည်တော် Park Royal ဟိုတယ်မှာ ဒီနေ့စတင်ကျင်းပရာ အမေရိကန် ဒီမိုကရေစီ၊ လူ့အခွင့် အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက်နိုင်ငံခြားရေး ဝန်ကြီး Mr.Tom Malinowski ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဌာန တာဝန်ရှိသူတွေ တက်ရောက်ကြပါတယ်။
2015-01-14
ကချင်ပြည်နယ် လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးကမန်းဒူနော်နဲ့ အစိုးရ ဝန်ထမ်းတွေကို ကေအိုင်အေ တပ်မဟာ ၂ လက်အောက်ခံ တပ်သားတွေက ဖားကန့်မြို့နယ် ဝှေခါ -ဝေလုံတောင်ကြောပေါ်မှာ ဒီနေ့ ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဝန်ကြီး ဦးကမန်းဒူနော်ကိုသာ ပြန်လွှတ်ပေးခဲ့တယ်လို့ သိရပါတယ်။
2015-01-14
ညီညွတ်သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ UNA ခေါင်းဆောင်တွေက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် နဲ့ ဒီလ ၁၈ ရက်နေ့ နေပြည်တော်မှာ တွေ့ဆုံပြီး နိုင် ငံရေးဆွေးနွေးပွဲတွေ ကျင်းပနိုင်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင် စုစနစ် ပေါ်ပေါက်ရေးတို့ကို ဆွေးနွေးကြမှာဖြစ်ပါတယ်။
2015-01-14
ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်းက ဖြစ်ပွားခဲ့တဲ့ လက်ပံတောင်းတောင် ပဋိပက္ခမှာ ရဲတပ်ဖွဲ့ဝင်တွေက အကြမ်းဖက် နှိမ်နင်းရေးလက်နက်တွေကို စနစ်တကျ ကိုင်တွယ်အသုံးပြုခဲ့ခြင်း မရှိတာကြောင့် နှစ်ဖက် ထိခိုက်မှု များခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဒီနေ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။