ထိုင်းကို ခိုးဝင်သူ မွတ်စ လင်နှစ်ယောက် ထပ်မံသေဆုံး


2015.01.14

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ကား ၅ စီးပေါ်ကနေ တွေ့ရှိ ဖမ်းမိခဲ့တဲ့ ခိုးဝင်လာသူ မြန်မာနိုင်ငံက မွတ်စလင်တွေ ထဲက အသက် နှစ်ဆယ်ဝန်းကျင်အရွယ် အမျိုးသားနှစ်ဦး မနေ့က ထပ်မံသေဆုံး သွားခဲ့ပါတယ်။

အစာအဟာရ နဲ့ ရေဓါတ်ခန်းခြောက်ပြီး ဆေးရုံမှာ သေ ဆုံးသွားခဲ့ကြတာလို့ ထိုင်းရဲတပ်ဖွဲ့ က ပြောပါတယ်။

ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ထိုင်းပင်လယ်ကွေ့ နခွန်ဆီ သမာရတ် ပြည်နယ်အတွင်း ရိုဟင်ဂျာလို့ ခေါ်ကြသူ ခိုး ဝင်လာသူ မွတ်စလင် တစ်ရာနီးပါးကို ရဲက ဖမ်းဆီး ခဲ့ပါတယ်။ အဲဒီနေ့က ကားပေါ်ပါ အမျိုးသမီးတစ်ဦး သေ ဆုံးနေတာ တွေ့ရပါတယ်။

မနေ့ကတော့ အမျိုးသားနှစ်ယောက် ထပ်မံသေဆုံးသွား ခဲ့ကြတာပါ။ဖမ်းမိသူတွေထဲမှာ တစ်ဝက်နီးပါးက အသက် ၁၄ နှစ်အောက် ကလေးတွေဖြစ်ကြပါတယ်။

သူတို့ကို မှောင်ခိုသွင်းယူလာတဲ့ လူမှောင်ခိုအဖွဲ့အစည်းနဲ့ အဆက်အစပ် ကွင်းဆက်တွေကို စုံစမ်းနေကြောင်း ထိုင်းရဲ တပ်ဖွဲ့က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။