သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-06-01
နေပြည်တော်ကို လမ်းလျှောက်ချီတက်ဆန္ဒပြတဲ့အတွက် ဖမ်းဆီးခံထားရတဲ့ စစ်ကိုင်းမြို့က Myanmar Veneer သစ်အခြေခံစက်ရုံ အလုပ်သမားတွေထဲက ဦးဆောင်သူ ၁၅ ဦးကို တပ်ကုန်းမြို့နယ် တရားရုံးမှာ ဇွန်လ ၁ရက် ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ခဲ့ပါတယ်။
2016-06-01
အရင်အစိုးရလက်ထက်က တရုတ်အစိုးရပိုင် သွင်းကုန်ထုတ်ကုန်ဘဏ်ကနေ သမဝါယမဝန်ကြီးဌာနက ချေးယူပြီး တောင်သူတွေကို ထုတ်ချေးတဲ့ငွေတွေကို ရှမ်းပြည်နယ်က တောင်သူတွေ ပြန်မဆပ်နိုင်တဲ့အတွက်၊ ၆ လတစ်ကြိမ် အကြွေးပြန်ဆပ်ရမယ့်အစား တစ်နှစ်တစ်ကြိမ် ပြန်ဆပ်ခွင့်ပေးဖို့ လက်ရှိသမဝါယမဦးစီးဌာနကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်နန်းခမ်းအေး က တိုက်တွန်းလိုက်ပါတယ်။
2016-06-01
၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးမှာ ရှမ်းပြည် အခြေစိုက် နိုင်ငံရေး၊ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ သဘောထားတွေ ကို တင်ပြနိုင်ဖို့အတွက် ဒီနေ့ တောင်ကြီးမြို့ မှာ ဆွေးနွေးကြပါတယ်။
2016-06-01
အရင်အစိုးရလက်ထက်က သမဝါယမဝန်ကြီးဌာန က China Exim Bank ကနေ ဒေါ်လာသန်း ၁၀၀ ချေးပြီး တောင်သူတွေထံ စိုက်ပျိုးစ ရိတ်ချေးငွေတွေချထားပေးခဲ့ပါတယ်။ လက်ရှိမှာတောင်သူတွေက ချေးငွေပြန်ဆပ် ဖို့အတွက် ထပ်ဆင့်ချေးယူရတဲ့ ပြဿနာတွေ ရှိနေပါတယ်။
2016-06-01
ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇သောင်းကျော် အသုံးပြုသွားမယ်လို့ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်တွေက ဒေသခံတွေနဲ့ ဒီနေ့ စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ တွေ့ဆုံစဉ် ပြောပါတယ်။
2016-06-01
၂၁ ရာစု ပင်လုံညီလာခံကြီး အောင်မြင်ဖို့အတွက် အစိုးရသစ်အနေနဲ့ တပ်မတော်နဲ့ ညိနှိုင်းပြီး တိုင်းရင်းသားအဖ့ွဲတွေရဲ့ တောင်းဆိုချက်တွေကို အတတ်နိုင်ဆုံး လိုက်လျောဖ့ိုတွေ လိုအပ်မယ်လို့ ၈၈ မျိူးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက သုံးသပ်လိုက်ပါတယ်။
2016-06-01
ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်က မနေ့က စစ်တွေမြို့မှာ ပြောကြားခဲ့ပါတယ်။
2016-06-01
ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာတဲ့အတွက် မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေးမှာ အနောက်နိုင်ငံတွေဘက်ကရော၊ လက်ဝဲနိုင်ငံတွေဘက်ကပါ အကူအညီတွေ ရလာနိုင်သလို၊ ငြိမ်းချမ်းရေးလမ်းစလည်း ပွင့်လာပြီး၊ လူထုကြားမှာ ဒီမိုကရေစီကျင့်စဉ်နဲ့ သဘော တရားတွေပိုပြီး သိလာအောင် ပညာရေး စနစ်ကောင်းဖို့လည်း လိုအပ်တယ်လို့ ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်း က သုံးသပ်ပါတယ်။
2016-06-01
ပျောက်ဆုံးနေတဲ့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း ရန်ပုံငွေ ယူရို ၈၆ သန်းကိစ္စနဲ့ ပတ်သက်လို့ ဖြေရှင်းပေး ဖို့ တောင်းဆိုထားတဲ့ အသင်းရဲ့အမှုဆောင်တွေကရော၊ ဒီကိစ္စမှာသက်ဆိုင်ခဲ့တဲ့ သတ္တုတွင်းဝန်ကြီးဟောင်းဘက်ကပါ မနက်ဖြန် ကြာသပေးနေ့မှာ စင်ပြိုင် သတင်းစာရှင်းလင်း ပွဲတွေ ပြုလုပ်ကြမယ်လို့ သိရပါတယ်။
2016-06-01
အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ပြန်လည် ဖွဲ့စည်းရေးကော်မတီ က စေ့စပ်ညှိနှိုင်းရေး တာဝန်ခံ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ဇွန်လ ၃ ရက်နေ့ ထိုင်းနိုင်ငံမှာ တွေ့ဆုံဆွေးနွေးဖို့ ချင်းမိုင်းမြို့မှာ ဒီကနေ့ စတင်ကျင်းပနေတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC တပ်ပေါင်းစုအဖွဲ့ရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးကနေ ဆုံးဖြတ်လိုက် တယ်လို့ UNFC အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောပါတယ်။
2016-06-01
ရှမ်းပြည်နယ်က နိုင်ငံရေးပါတီတွေ၊ ရှမ်းလူမှုအဖွဲ့အစည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ ငြိမ်းချမ်းရေးအပေါ် သဘောထားတွေကို ၂၁ ရာစု ပင်လုံ ညီလာခံမှာ တင်ပြနိုင်ဖို့အတွက် ဒီနေ့ တောင်ကြီးမြို့ မှာ ဆွေးနွေးကြပါတယ်။
2016-06-01
ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအ တွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာဝန်ကြီး ဒုတိယဗိုလ်ချုပ် ကြီး ရဲအောင် က ပြောပါတယ်။
2016-06-01
မကွေးတိုင်း အနောက်ခြမ်း ဂန့််ဂေါနဲ့ တဝိုက်မှာ သစ်ခိုးထုတ်တာတွေနဲ့ သစ်အလွန်အကျွံ ခုတ်ယူနေ တာတွေကြောင့် တောင်ကတုံးတွေဖြစ်နေတဲ့အတွက် သစ်တောထိန်းသိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆောင်ရွက်ပေးဖို့ ပြည်ထောင်စုအစိုးရကို တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်မှာ ဆက်လက်ဆွေးနွေးဖို့ အတည်ပြုလိုက်ပါတယ်။
2016-06-01
ထိုင်း - မြန်မာနယ်စပ် ရနောင်းမြို့မှာ အသက် ၁၆ နှစ်အရွယ် ထိုင်းအမျိုးသမီး အသတ်ခံရမှုနဲ့ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသား လေးဦး အမှုကို အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ပေးဖို့ မြန် မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်က ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်ရေးကော်မရှင်ထံ တောင်းဆိုစာပေးပို့ဖို့ စီစဉ်နေ ပါတယ်။
2016-06-01
နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်း စုကြည်ဟာ အာရှ ၁၉ နိုင်ငံမှာ တာဝန် ယူထားတဲ့ မြန်မာနိုင်ငံ သံအမတ်တွေကို လာမယ့်ဇွန်လ ၁၄ ရက်နေ့ နေပြည်တော်မှာခေါ်ယူတွေ့ဆုံပြီး မြန်မာနိုင်ငံ ရဲ့ နိုင်ငံခြားရေးမူဝါဒတွေကို ရှင်းလင်းသွားမှာဖြစ်ပါတယ်။