ရခိုင်ပြည်နယ်အတွက် ငွေကျပ် သိန်းပေါင်း ၇သောင်းကျော် အသုံးပြုသွားမည်


2016.06.01
ministers-sittwe-620.jpg ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဇွန်လ ၁ ရက်နေ့က ပြည်ထောင်စုဝန်ကြီးတွေနဲ့ ဒေသခံတွေ တွေ့ဆုံကြစဉ်
Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ် ဖံ့ွဖြိုးတိုးတက်ရေးအတွက် ငွေကျပ်သိန်းပေါင်း ၇ သောင်းကျော် အသုံးပြုသွားမယ်လို့ နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပြောပါတယ်။

ဒီနေ့ စစ်တွေမြို့မှာ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ဖံ့ွဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်မှု ကော်မတီ အဖွဲ့ဝင် ဝန်ကြီးတွေဟာ မြို့ခံတွေနဲ့ တွေ့ဆုံဆွေးနွေးစဉ်မှာ ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပြောခဲ့တာဖြစ် ပါတယ်။

"၂ဝ၁၆ - ၁၇ မှာ ရခိုင်ပြည်နယ်တစ်ခုတည်းတင်ပဲ  ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူ့စွမ်းအားအရင်းအမြစ် မြှင့်တင်ဖို့ အတွက်  ငွေကျပ်သိန်းပေါင်း ၇ သောင်း ၅ ထောင်ကျော် လျာထားပြီး လုပ်ငန်းတွေ ဆောင်ရွက်ပေးသွား မှာဖြစ်ပါတယ်၊ ဒါ့အပြင် ထပ်လောင်းတင်ပြလာတဲ့  လိုအပ်ချက်တွေရှိရင်လည်း ကျနော်တို့ ရန်ပုံငွေတွေနဲ့  ထပ်မံဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်"

ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်အောင်ဆန်းစုကြည်က ကော်မတီဥက္ကဌအဖြစ် တာဝန်ယူထားတာဖြစ် ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း ရခိုင်ပြည်နယ်အရေးကိစ္စကို အလေးထား ဆောင်ရွက်နေတယ်လို့ ဝန်ကြီးတွေက တွေ့ဆုံပွဲမှာ ပြောပါတယ်။

လူ့အဖွဲ့အစည်းတွေအကြား ဘာသာရေး၊ ဓလေ့ထုံးတမ်းစဉ်လာတွေကိုလည်း အပြန်အလှန် ယုံကြည်လေးစားကြဖို့ နဲ့ ဘာသာရေးကို ခုတုံးမလုပ်ကြဖို့ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင် က ပြောခဲ့ပါတယ်။

နိုင်ငံသားစိစစ်ရေးလုပ်ငန်းတွေကိုလည်း ၁၉၈၂ ခုနှစ် ဥပဒေနဲ့အညီ ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမယ်လို့ လည်း ပြောပါတယ်။

မနေ့က ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဖံ့ွဖြိုးမှုတိုးတက်ရေး အကောင်အထည်ဖော်မှု ကော်မတီကို ဖွဲ့စည်းလိုက်ပြီး ဒီကနေ့ စစ်တွေမြို့ကို ရောက်ရှိပြီး မြို့ခံတွေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။

ဒီတွေ့ဆုံပွဲအကြောင်းကို RFA သတင်းထောက် မဝေယံမိုးမြင့် က တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။